Home
နိုင်ငံတကာ
အာဂျင်တီးနားတွင် သွေးလွန်တုပ်ကွေးရောဂါ အဆိုးရွားဆုံး ကူးစက်
DVB
·
April 9, 2024
Dengue cases spike during a major outbreak in Argentina

အာဂျင်တီးနားနိုင်ငံမှာ အဆိုးရွားဆုံးအဆင့်ထိ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်နေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

၂၀၂၃-၂၀၂၄ ရာသီအတွင်း အာဂျင်တီးနားမှာ ကူးစက်မှု ၂၃၂,၉၉၆ ဦး ရှိပြီး ပြင်းထန်တဲ့ ကြွက်သားနဲ့ အဆစ်အမြစ် ကိုက်ခဲတာ၊ အဖျားကြီးတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာနဲ့၊ အရေပြားအဖုပေါက်တာတွေကို လူနာတွေက ခံစားနေရပါတယ်။ 

ဒါဟာ မနှစ်က တုပ်ကွေးရာသီက ကူးစက်ခံဦးရေထက် ငါးဆ ပိုများတယ်လို့ နောက်ဆုံးရ တရားဝင် သတင်းအချက်အလက်တွေက ပြထားပါတယ်။ ကူးစက်ခံ ဦးရေဟာ နွေရာသီနှောင်းပိုင်းမှာ ပိုများနေကျ ဖြစ်ပေမဲ့ ခုတော့ ဒီနှစ်မှာ ခါတိုင်းထက် စောလာခဲ့တာပါ။

ဒါ့အပြင် အာဂျင်တီးနား တောင်ပိုင်း ပိုဝေးတဲ့ ပိုအေးတဲ့ ဒေသတွေမှာပါ ကူးစက်ခံဦးရေ တိုးလာတာကို သိပ္ပံပညာရှင်တွေက မြင်တွေ့နေရပါတယ်။

အာဂျင်တီးနားမှာ အခုနှစ်အတွင်း ရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံတွေမှာ ဝန်ပိခဲ့ပါတယ်။ ခြင်ဆေးရောင်းတဲ့ အရောင်းကောင်တာတွေမှာလည်း ပစ္စည်းပြတ်လပ်ကာ ရှိတဲ့ပစ္စည်းတွေလည်း ဈေးတက်ခဲ့ပါတယ်။ ဝယ်လိုအားကို ပြည့်မီစေဖို့ အစိုးရက ခြင်ဆေး တင်သွင်းမှုကို ဖြေလျှော့ပေးဖို့ ဆောင်ရွက်နေပါတယ်။

Source/Photo - REUTERS/Matias Baglietto

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024