အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယယ်လန်ဟာ တရုတ်ဗဟိုဘဏ်ဆီ အလည်အပတ် ခရီးစဉ်အတွင်း တရုတ်ပြည်သူ့ဘဏ် (PBOC) ရဲ့ အုပ်ချုပ်ရေးမှူး ဖန်ဂုံးရှန်နဲ့ ဧပြီ ၈ ရက်က လာတွေ့ခဲ့ပါတယ်။
ပိုလျှံသောစက်မှုစွမ်းရည်ကို ထိန်းချုပ်ဖို့နဲ့ ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ဖို့ကိုလည်း သူက တရုတ်ခေါင်းဆောင်တွေကို ဖိအားပေး ပြောခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံနှစ်ခုကြား တင်းမာနေတဲ့ ဆက်ဆံရေးကို ပိုမိုဖြေလျှော့ဖို့ တရုတ်နိုင်ငံဆီ ကိုးလအတွင်း ဒုတိယမြောက်ခရီးစဉ်အဖြစ် ရောက်လာတဲ့ ယယ်လန်ဟာ ဧပြီ ၇ ရက်က တရုတ်ဝန်ကြီးချုပ် လီချန်နဲ့ တွေ့ခဲ့ပါတယ်။
တရုတ်ရဲ့ ဝယ်လိုအားထက် ထုတ်လုပ်မှုက ပိုလျှံနေတဲ့ စက်မှုစွမ်းရည်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်ချက်တွေကို ထုတ်ပြောခဲ့ပါတယ်။
သူဟာ တရုတ် ဘဏ္ဍာရေးဝန်ကြီး လန်ဖှိုအန်းနဲ့လည်း တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါတယ်။ ယယ်လန်ဟာ တနင်္လာနေ့မှာ တရုတ် ဒုဝန်ကြီးချုပ်ဟောင်း လျိုဟော့နဲ့လည်း တွေ့မှာဖြစ်ပြီး အဲဒီနောက် တနင်္လာနေ့နှောင်းပိုင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်အပြီး သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို အပြီးသတ်ခဲ့ပါတယ်။
Source/Photo - Reuters