Home
နိုင်ငံတကာ
အိန္ဒိယရွေးကောက်ပွဲအကြိုကာလ အလံများထုတ်လုပ်၊ ဝယ်လိုအား များလာ  
DVB
·
April 9, 2024
India Election Flag_09042024

မဲပေးသူ လူဦး​ရေသန်း ၁၀၀၀ နီးပါးရှိတဲ့ အိန္ဒိယမှာ နှစ်လကြာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် သီတင်းပတ်တွေအတွင်း နိုင်ငံရေးပါတီတွေနဲ့ အလံထုတ်လုပ်သူတွေဟာ ၀ယ်လိုအား များလာတာကြောင့် လုပ်ငန်းတွေကို တိုးချဲ့ပြီး အချိန်ပို လုပ်ဆောင်နေကြရပါတယ်။

အဆင့်ခုနစ်ဆင့် မဲပေးမယ့် ဧပြီ ၁၉ ရက် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အထည်ချုပ်လုပ်ငန်းရှင်တွေဟာ ဆာရီတွေထုတ်လုပ်တဲ့ စက်ရုံတွေကနေ ရွေးကောက်ပွဲအလံနဲ့ နဖူးစည်းတွေ ချုပ်ဖို့ ယာယီပြောင်းလဲနေကြပါတယ်။

စက်ရုံပိုင်ရှင် မူကက်ရှ် အဂ္ဂါဝယ်က “နိုင်ငံရေးမဲဆွယ်ပွဲတွေမှာ သုံးတဲ့ ဈေးအသက်သာဆုံးနဲ့ အကောင်းဆုံးပစ္စည်းတွေက နဖူးစည်းတွေနဲ့ အလံတွေပါပဲ” လို့  ပြောပါတယ်။

သူ့ရဲ့အဆိုအရ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးပြည်နယ်နဲ့ အဓိက နိုင်ငံရေးတိုက်ပွဲဖြစ်တဲ့ ဥတ္တာပရာဒေ့ရှ် ပြည်နယ်က ဘုရားကျောင်းမြို့ဖြစ်တဲ့ မာသူရာမြို့မှာလည်း ဒီလို စက်ရုံပေါင်း ၄၀ လောက် ရှိနေပါတယ်။

ရွေးကောက်ပွဲ ကုန်ပစ္စည်းတွေထဲမှာ ပါတီတံဆိပ်တခုရဲ့ စျေးနှုန်းဟာ အမေရိကန် ဒေါ်လာ တပြားနဲ့ ညီမျှတဲ့ တရူပီးကနေ စတင်နိုင်ပါတယ်။ ဒါဟာ ဈေးအနိမ့်ဆုံးနဲ့ ပမာဏ မြင့်မြင့်မားမား ထုတ်လုပ်တဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပနေချိန်မှာ အိန္ဒိယနိုင်ငံကို ရာချီတဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်း ထောင်ပေါင်းများစွာတို့က ပိုစတာတွေနဲ့ ဖုံးအုပ်ထားကြပါတယ်။

နိုင်ငံရေးပါတီတွေက သေးငယ်တဲ့ ကုန်စည်တွေကနေ ရဟတ်ယာဉ်ငှားတဲ့ ဝန်ဆောင်မှုအထိ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအတွက် ငွေသုံးနေလို့ ရွေးကောက်ပွဲဟာ အိန္ဒိယနိုင်ငံအတွင်း စီးပွားရေးကို မြင့်တက်စေပါတယ်။

လောလောဆယ် (BJP) ပါတီက တခြားပါတီ အားလုံးထက် ဒီနှစ်ထဲမှာ ငွေပိုသုံးခဲ့တယ်လို့ နှစ် ၅၀ ကြာ ဈေးကွက်ကုန်သည်တဦးဖြစ်ခဲ့တဲ့ ခူရာနာက ဆိုပါတယ်။

အရင်အပတ်ကလုပ်တဲ့ ထင်မြင်ချက် စစ်တမ်းအရ လက်ရှိဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ မဟာမိတ်တွေအတွက် လွယ်လွယ်နိုင်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

အတိုက်အခံ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီက ရာဟူးလ်ဂန်ဒီက ပါတီကြေညာချက်ကို ထုတ်ပြန်ရင်း ရွေးကောက်ပွဲဟာ ဝါဒဖြန့်တာထက် ပိုပြီး အများကြီးနီးကပ်တယ်လို့ ဧပြီ ၅ ရက်မှာ ပြောခဲ့ပါတယ်။

Source/Photo - REUTERS/Anushree Fadnavis

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013