Home
မြန်မာသတင်း
ရေ-ထားဝယ်လမ်းကို မဟာမိတ်အဖွဲ့က စိုးမိုးထား
DVB
·
April 9, 2024
yae 942024

မွန်ပြည်နယ်၊ ရေးတောင်ပိုင်းကနေ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့အထိ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို မတ် ၁၉ ရက်ကစပြီး မဟာမိတ်တပ်ဖွဲ့တွေက စိုးမိုးထားပြီး နေ့တိုင်းစစ်ဆေးနေတယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် (MSRF) ဆီက သိရပါတယ်။

ရေး-ထားဝယ်လမ်းပိုင်းဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီကိုဆက်သွယ်ထားတဲ့ လမ်းကြောင်း ဖြစ်သလို စစ်ကောင်စီဘက်က တနင်္သာရီဘက်ကို စစ်‌ကူပို့တဲ့ တခုတည်းသော လမ်းဖြစ်တာကြောင့် အခုလမ်းပိုင်းကို စိုးမိုးထားတာဟာ  စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို အထိနာစေတယ်လို့ MSRF တာဝန်ခံ နိုင်နဂါးက ပြောပါတယ်။

"တနင်္သာရီဘက်ကို အင်အားတွေနဲ့ရိက္ခာတွေပို့တဲ့ ကုန်ကြောင်းလမ်းက ဒီတလမ်းပဲရှိတာ။ ဒီလမ်းကြောင်းကိုသာ ထိန်းချုပ်သွားနိုင်ပြီးဆိုရင် အရပ်သုံးစကားအနေနဲ့ပြောရရင် စခတွေအတွက် ခြေတချောင်းကျိုးသလိုပဲ။ ကျနော်တို့မဟာမိတ်အဖွဲ့တွေက ဒီဒေသကို နယ်မြေဆိုးမိုးရေး လုပ်ခြင်းအားဖြင့် ရန်သူ့ရဲ့ အချုပ်အခြာအာဏာကို ဖယ်ရှားလိုက်သလိုဖြစ်ပါတယ်။ နယ်မြေစိုးမိုးမှုရပြီး ကာ‌ကွယ်ရေးတွေပေးနိုင်တဲ့တနေ့ကျရင် ဒီနယ်မြေတွေမှာ အုပ်ချုပ်ရေးတွေစတင်သွားပါမှာ။"

ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်း မွန်-တနင်္သာရီအစပ်မှာရှိတဲ့ မလွဲတောင် စစ်ဆေးရေးဂိတ်ကိုလည်း အနှေးနဲ့အမြန်သိမ်းပိုက်သွားမယ်လို့ သူကဆက်ပြောပါတယ်။

ရေး-ထားဝယ်အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းမှာ စစ်တပ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေ၊ စစ်တပ်ကို အထောက်အကူပြုတဲ့ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ၊ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်တွေ ဖြတ်သန်းသွားလာမှုရှိမရှိကို အဓိကထားစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မွမွန်ပြည်နယ်၊ ရေးမြို့တောင်ပိုင်းမှ တင်္နသာရီတိုင်း သရက်ချောင်းမြို့နယ်အထိ အမှတ် - ၈ ပြည်ထောင်စုလမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း - (၁)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) - ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) - ဒေါနတပ်ခွဲ(၇)၊ ဝေဟင်‌ဒေါနတပ်ခွဲ(၆)၊ ထားဝယ် တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ - (၃)၊ Ye Air Force(YAF) ၊ Saw Dragon Drone Force(အထူးဒရုန်းတပ်ဖွဲ့ ) တို့က စစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။

ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို မွန်ပြည်တော်လှန်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့‌တွေက ဧပြီ ၁ ရက်နေ့မှစပြီး ည ၆ နာရီမှ မနက် ၆ နာရီအတွင်း သွာလာခွင့်ပိတ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013