Home
နိုင်ငံတကာ
ဗြိတိန်ကျွန်းစုကို မုန်တိုင်းဝင်ရောက်၊ အဝါရောင်သတိပေးချက် ထုတ်ပြန်
DVB
·
April 8, 2024
Huge waves wash over cars as Storm Kathleen passes Isle of Man

ကက်သလင်းမုန်တိုင်းဟာ ဗြိတိန်ကျွန်းစုကို ဖြတ်ကျော်ဝင်ရောက်လာလို့ ဧပြီ ၇ ရက်မှာ အိုက်စ်အော့ဖ် မဲန်း ကျွန်းရဲ့ မြို့တော် ဒေါက်ဂလပ်စ်မှာ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့ပါတယ်။

မျက်မြင်သက်သေ ဗီဒီယိုထဲမှာ ဒေါက်ဂလပ်စ် ပင်လယ်ကမ်းရိုးတန်း လမ်းပေါ်ကို လှိုင်းလုံးကြီးတွေ လျှံတက်လာတာကို တွေ့ရပါတယ်။

တနင်္ဂနွေနေ့ညမှာ လှိုင်းအသင့်အတင့်ရှိပြီး ကျွန်းရဲ့ ကမ်းရိုးတန်းဒေသတဝိုက်မှာ လှိုင်းကြီးနိုင်လို့ အဝါရောင် ရာသီဥတုသတိပေးချက် ထုတ်ပြန်ထားပါတယ်။

တနင်္လာနဲ့ အင်္ဂါနေ့တွေမှာလည်း မိုးသည်းထန်တာနဲ့  ဒေသအလိုက် ရေကြီးတာအတွက် ဒုတိယအကြိမ် အဝါရောင်သတိပေးချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။

အိုင်ယာလန် မိုးလေဝသဌာနကနေ နာမည်ပေးထားပြီး ၂၀၂၃-၂၄ ရာသီရဲ့ ၁၁ ခုမြောက် မုန်တိုင်းဖြစ်တဲ့ ကက်သလင်းမုန်တိုင်းကြောင့် အိုင်ယာလန်နဲ့ ယူကေတလွှား ဓာတ်အားပြတ်တောက်တာတွေ၊ ပျက်စီးတာတွေ ဖြစ်ခဲ့တယ်လို့ မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013