Home
နိုင်ငံတကာ
တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲအတွက် ပါတီကြီး ၂ ခု အပြိုင်အဆိုင်မဲဆွယ်
DVB
·
April 8, 2024
South Korea's undecided voters could give minor party a kingmaker role, explains analyst

ဧပြီ ၁၀ ရက်မှာ ကျင်းပမယ့် တောင်ကိုရီးယား လွှတ်တော်ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်မယ်လို့ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်မှုဟာ လက်ရှိအာဏာရနဲ့ အတိုက်အခံတို့ မဟုတ်ဘဲ အဆုံးအဖြတ်ပေးနိုင်တဲ့ တတိယအုပ်စု ပေါ်ပေါက်လာနိုင်တယ်လို့ နိုင်ငံရေးပညာရှင်တဦးက ပြောပါတယ်။

ပါတီကြီးနှစ်ခုဟာ မဲမပေးခင် သူတို့ရဲ့ မဲဆွယ်စည်းရုံးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး သူတို့နှစ်ဦးကြားမှာ ပြိုင်ဆိုင်မှုက အကြိတ်အနယ် ဖြစ်လာပုံပေါ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒေါက်ဆောင်း အမျိုးသမီးတက္ကသိုလ်က နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာ လေ့လာရေး ပါမောက္ခ ချိုဂျင်းမဲန်က“မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်အရေအတွက် သိသိသာသာ များနေပေမဲ့ မဲပေးမယ့်သူ အရေအတွက်နဲ့ လက်ရှိအစိုးရကို မဲဆန္ဒရှင် ဘယ်လောက်က အကဲဖြတ်လဲ ဆိုတာက အရေးကြီးပါတယ်” လို့ ပြောပါတယ်။

တက္ကသိုလ်က မဲဆန္ဒရှင်တွေက အဓိကပါတီကြီးနှစ်ခုကို ငြီးငွေ့နေကြတယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား မဲဆန္ဒရှင်တွေက အမတ်နေရာ ၃၀၀ ကို မဲပေး ရွေးချယ်ကြမှာပါ။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီ (DP) က ထိန်းချုပ်ထားတဲ့ အမတ်နေရာ အများစုကို ပြန်လည်အနိုင်ရရှိရေးအတွက် သမ္မတ ယွန်းဆွတ်ခ်ယိုးကို ထောက်ခံတဲ့ လက်ရှိ အာဏာရ ပြည်သူ့အာဏာပါတီ (PPP) ဟာ ခက်ခဲတဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရတာပါ။

အာဏာရ PPP ပါတီခေါင်းဆောင် ဟန်ဒုံးဟွမ်၊ အဓိကအတိုက်အခံ DP ပါတီက လီဂျေးမြောင်နဲ့ တခြား အတိုက်အခံပါတီတွေဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတာတွေကို နိုင်ငံအနှံ့ မတ် ၂၈ ရက်က စတင်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013