Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံး
DVB
·
April 7, 2024
GOE_07042024

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီနေ့ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးတယ်လို့ Ghost of Enemies (GOE) တပ်ဖွဲ့ဆီကနေ သိရပါတယ်။

Ghost of Enemies (GOE) ရဲ့ ပြောဆိုခွင့်ရှိသူတယောက်က “ဒီနေ့မနက် ၇ နာရီခွဲလောက် မြိုင်ကနေ စက်မှု ၂ ဘက်ကို ဦးတည်ထွက်လာတဲ့ စကစ စစ်ခွေးအင်အား ၆၀ လောက်ပါတဲ့ စစ်ကြောင်းကို ဝါးရုံဆည်နားအရောက်မှာ အဆင်သင့်ထောင်ထားတဲ့မိုင်းနဲ့ မိုင်းခွဲတိုက်ခိုက်လိုက်တာ။ ၄ ကောင်က နေရာမှာတင် ဂန့်ပြီး ဒဏ်ရာရတဲ့ကောင်တွေလည်း မနည်းဘူးပဲဗျ” လို့ ဒီဗွီဘီကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ခိုက်ခံရတဲ့နေရာမှာရပ်နားနေပြီး စစ်ကောင်စီတပ်သားတချို့က သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို မြိုင်မြို့ကို ပြန်လည်သယ်ဆောင်သွားကြတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်ဆီကနေ သိရပါတယ်။

တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ GOE ရဲဘော်တယောက်ကလည်း “ဒီကောင်တွေ‌ေ-ာက်ကျင့်က အဲဒါပဲဗျ။ မိုင်းခွဲတိုက်ခိုက်ခံရတဲ့နေရာမှာ ကျန်နေတဲ့ကောင်တွေက လမ်းဘေးလူမနေတဲ့ တဲအိမ်တွေကို လိုက်ပြီး မီးရှို့ဖျက်ဆီးနေတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတဲ့ Ghost of Enemies (GOE) တပ်ဖွဲ့၀င်တွေကတော့ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ပါ၀င်ဆောင်ရွက်ခဲ့သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013