မန်ယူအသင်း ခြေစွမ်းတိုးတက်မှုရှိရဲ့လားလို့ အသင်းဂန္ထဝင်နောက်ခံလူ ရီယိုဖာဒီနန်က မေးခွန်းထုတ်သွားပါတယ်။
မန်ယူအသင်းဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ ၁၂ ပွဲအထိ ရှုံးပွဲတွေ့ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။
မန်ယူအသင်းရဲ အခြေအနေကို လေ့လာကြည့်လိုက်မယ်ဆိုရင် မနှစ်ကထက် တိုးတက်လာမှု ရှိရဲ့လား ဆိုတာက မေးခွန်းထုတ်ချင်စရာကောင်းပြီး မျှော်မှန်းထားသလို ဖြစ်မလာကြောင်း ဖာဒီနန်က ပြောပါတယ်။
နည်းပြအဲရစ်တန်ဟတ်ဂ်အနေနဲ့ အသင်းရလဒ် မကောင်းချိန်တိုင်းမှာ ဒဏ်ရာပြဿနာတွေကို အကြောင်းပြတတ်ပေမဲ့ အဲဒီအခြေအနေတွေကို အဆင်ပြေအောင် ကိုင်တွယ် ဖြေရှင်းနိုင်သင့်ကြောင်း ဖာဒီနန်က ပြောသွားပါတယ်။
မန်ယူအသင်းမှာ အဓိကနောက်ခံလူတွေဖြစ်တဲ့ မာတီနက်ဇ်နဲ့ လုခ်ရှောတို့ ဒဏ်ရာမကြာခဏ ရရှိနေတာက အကြီးမားဆုံးထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။
Photo-Reuters