ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ခါကိဗ်မှာ ဧပြီ ၆ ရက် မနက်အစောပိုင်းမှာ ရုရှားက ဒရုန်းတွေနဲ့ တိုက်ခိုက်တာကြောင့် အရပ်သား ၆ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရတယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် မြို့လမ်းမတွေမှာ မီးလောင်နေပုံတွေကိုပါ ယူကရိန်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ညသန်းခေါင်ကျော်ပြီး ၆ ရက် ကူးကာစအချိန်မှာ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုမှာ လူနေအိမ်ခြေ ဧရိယာကို ထိမှန်ခဲ့တယ်လို့ ခါကိဗ်မြို့တော်ဝန်က တယ်လီဂရမ်အက်ပလီကေးရှင်းမှာ ရေးထားပါတယ်။
အထပ်မြင့် အဆောက်အအုံ ၆ လုံး၊ အဆောင် ၃ ခု၊ ဌာနဆိုင်ရာအဆောက်အအုံတွေ၊ စျေးဆိုင် တဆိုင်၊ ဆီဆိုင် တဆိုင်နဲ့ ကားတွေပါ ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းရန်ကာကွယ်ရေးကနေ ဒရုန်း ၃၂ စင်းမှာ ၂၈ စင်း၊ ဒုံးကျည် ၆ စင်းမှာ ၃ စင်း ပစ်ချဟန့်တားနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန်ပါတယ်။
နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ခါကိဗ်မြို့ဟာ တည်နေရာနီးကပ်မှုကြောင့် ရုရှားရဲ့ ပစ်မှတ်ထားမှုကို မကြာခဏကြုံရတဲ့ မြို့ဖြစ်ပါတယ်။
Source/Photo - Reuters