အီကွေဒေါနိုင်ငံ မြို့တော်ကွီတိုရှိ မက္ကဆီကိုသံရုံးမှာ ဝင်ရောက်ခိုလှုံနေတဲ့ အီကွေဒေါ ဒုသမ္မတဟောင်း ဟော်ရ်ဟဲ ဂလပ်စ်ကို ဧပြီ ၅ ရက်မှာ အီကွေဒေါ အာဏာပိုင်တွေက သံရုံးထဲအထိ အတင်းအကြပ် ဝင်ရောက်ဖမ်းဆီးသွားခဲ့တာကြောင့် ၂ နိုင်ငံ ဆက်ဆံရေးကို ချက်ချင်း ရပ်ဆိုင်း လိုက်ကြောင်း မက္ကဆီကိုနိုင်ငံက ကြေညာလိုက်ပါတယ်။
အကျင့်ပျက်ခြစားမှုနဲ့ ၂ ကြိမ်တိုင်တိုင် ပြစ်ဒဏ်ချမှတ်ခံရတဲ့ အီကွေဒေါ ဒုသမ္မတဟောင်း ဂလပ်စ်ဟာ ဒီဇင်ဘာလ ကတည်းက နိုင်ငံရေးခိုလှုံခွင့် တောင်းခံပြီး ကွီတိုမြို့ရှိ သံရုံးမှာ ဝင်ရောက် ခိုလှုံနေတာဖြစ်ပြီး သူ့ကို ရှေ့နေချုပ်ရုံးက နှိပ်စက်ညှဉ်းပန်းနေတယ်လို့လည်း အချေအတင် ပြောခဲ့ပါတယ်။
အီကွေဒေါ ရဲတပ်ဖွဲ့ဟာ သူ့သမ္မတဟောင်းကို ဝင်မဖမ်းခင်မှာ မက္ကဆီကို သံရုံးထဲကို အတင်းအကြပ် ဝင်ရောက်လာခဲ့ကြောင်း မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနူယယ် လိုပက်ဇ် အိုဘရာဒေါ က X လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့ပါတယ်။
မက္ကဆီကိုသမ္မတ အိုဘရာဒေါက အီကွေဒေါသမ္မတရုံးကတော့ ဒုသမ္မတဟောင်း ဂလက်စ်ကို ဖမ်းဆီးလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
ခုလို သံရုံးထဲကို ဝင်ရောက် ဖမ်းဆီးခြင်းဟာ နိုင်ငံတကာဥပဒေနဲ့ မက္ကဆီကိုရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်ခြင်းပဲလို့ ပြောလိုက်ပြီး အီကွေဒေါနဲ့ သံတမန်ဆက်ဆံရေး ရပ်ဆိုင်းဖို့ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး အယ်လီစီယာ ဘာစေနာကို ညွှန်ကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်မတိုင်ခင် ရက်ပိုင်းလောက်ကတော့ အီကွေဒေါဟာ မြို့တော်ကွီတိုရှိ မက္ကဆီကို သံအမတ်ကို တောင်အမေရိကနိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ပေးခဲ့တာကြောင့် သံအမတ်ကြီး ရာကဲလ် ဆယ်ရူးရဲ စမယ်ကယ်ဟာ ဧပြီ ၃ ရက်က အီကွေဒေါကနေ ထွက်သွားခဲ့တာပါ။
ဒါပေမယ့် မက္ကဆီကိုနိုင်ငံဆိုင်ရာ အီကွေဒေါသံအမတ်ကြီးကိုတော့ မက္ကဆီကိုက နှင်ထုတ်မှာ မဟုတ်သလို အီကွေဒေါနဲ့ သံတမန်ဆက်ဆံရေးကို ဖြတ်တောက်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘရာဒေါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါသေးတယ်။
Source/Photo - Reuters