Home
မြန်မာသတင်း
ဆွေးနွေးပွဲတွင် စစ်ကောင်စီကိုမဖိတ်ရန် နယူးဇီလန်အစိုးရကို တောင်းဆို
DVB
·
April 6, 2024
meet 642024

နယူးဇီလန်နိုင်ငံက အိမ်ရှင်အဖြစ် ဝယ်လင်တန်မြို့မှာ ကျင်းပမယ့် အာဆီယံ - နယူးဇီလန် အစည်းဝေးနဲ့ လာမယ့် မေလအတွင်း ဗီယင်ကျန်းမြို့မှာပြုလုပ်မယ့် အာဆီယံဒေသတွင်း ကာကွယ်ရေးအရာရှိများ ဆွေးနွေးပွဲမှာ စစ်ကောင်စီကို တက်ရောက်ခွင့်မပြုဖို့ အရပ်ဘက်အဖွဲ့စည်း ၄၀၀ ကျော်က ဒီနေ့ ဧပြီ ၆ ရက်နေ့မှာ နယူးဇီလန်အစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

လာမယ့် ဧပြီ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာလုပ်မယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီဘက်က အလယ်အလတ်အဆင့်ရှိတဲ့ အရာရှိတယောက်ကို ဖိတ်ကြားဖို့ နယူးဇီလန် အစိုးရသစ်က ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို ကန့်ကွက်မှုတွေ ဖြစ်လာတာပါ။

ဒါကြောင့်အာဆီယံ - နယူးဇီလန် အစည်းဝေးမှာ စစ်ကောင်စီဘက်က အလယ်အလတ်အဆင့်ရှိတဲ့ အရာရှိတက်ရောက်ဖို့ နယူးဇီလန်အစိုးရက ဖိတ်ကြားထားတာကို ပယ်ဖျက်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကို တရားဝင် အစိုးရအနေနဲ့ အသိအမှတ်ပြုဖို့လည်း အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

အာဆီယံ-နယူးဇီလန် အစည်းအဝေးကို တက်ရောက်ကြမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ဖို့နဲ့  မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေကို နိုင်ငံအတွင်း အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဟန့်တားနိုင်ဖို့အတွက် ထိရောက်တဲ့ ဗီဇာပိတ်ပင်မှု ပြုလုပ်ဖို့ နယူးဇီလန်ရောက် မြန်မာတွေက   တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းတုန်းက ကျင်းပခဲ့တဲ့ အာဆီယံ-ဩစတြေးလျဆက်ဆံရေး နှစ် ၅၀ ပြည့် ထိပ်သီးအစည်းအဝေးမှာတော့ စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ခွင့်မရခဲ့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013