Home
မြန်မာသတင်း
ယင်းမာပင်နှင့် ဆားလင်းကြီးကို စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ရှောင်တိမ်းနေရ
DVB
·
April 6, 2024
vit 642024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်း၊ ပုသိမ်-မုံရွာ လမ်းတလျှောက်ကို စစ်ကောင်စီတပ်က ဧပြီ ၅ ရက်နေ့မှာ စစ်ကြောင်ထိုး‌နေတာကြောင့် ဒေခံပြည်သူ ၂ သောင်းလောက် နေရပ်စွန့်ခွာ စစ်ကြောင်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတွေ ဆီကနေ သိရပါတယ်။

မုံရွာနမခနဲ့ မုံရွာရဲတပ်ရင်း ၂၈ က စစ်သားတွေပေါင်းပြီး မတ် ၂၂ ရက်နေ့ကစလို့ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

ဒုန်းတောရွာခံတယောက်က “စစ်ကြောင်းစထိုးတာက မတ်လ ၂၂ ရက်နေ့က စထိုးလားတာဗျ။ အင်အားက ၃၅၀ လောက်ခန့်မှန်းတယ်ဗျ။ အဲလို စစ်ကြောင်းထိုးလာပြီး ယင်းမာပင်မြို့နယ်ထဲက ထန်းတောကြီးရွာနဲ့ ဆားလင်းကြီးမြို့နယ်အတွင်းက ကံကုန်းရွာ၊ ဒုန်းတောရွာတွေမှာ တပ်စွဲနေကြတယ်။ ဒီနေ့ (ဧပြီ ၅)မနက်ခင်းက ထပ်ပြီး စစ်ကြောင်းထိုးလာတယ်။ သူတို့က ရက်အရှည်ကြီး စစ်ကြောင်းထိုးနေလို့ ရွာကိုမပြန်ရဘူး။ အခုလို မပြန်ရတော့ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီး‌နေရတယ်” လို့ ပြောပါတယ်။

အခုလို စစ်ကြောင်းထိုးနေတာကြောင့် ဆားလင်းကြီးမြို့နယ်က ဂုဏ်တောရွာ၊ ဒုန်းတောရွာ၊ ရွာသာရွာ နဲ့ ကံကုန်းရွာအပါအဝင် ယင်းမာပင်မြို့နယ်က ပေကုန်း၊ ကျေးစာကျ၊ ဘိန်းနွယ်ချောင်နဲ့

ထန်းတောကြီးရွာ စတဲ့ ကျေးရွာတွေက ပြည်သူ ၂ သောင်းကျော် စစ်ဘေးရှောင်‌နေရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ Black Vote Fighter Local PDF တာဝန်ရှိသူက “အခုရှောင်ရတာက ဆားလင်းကြီးမြောက်ခြမ်းနဲ့ ယင်းမာပင်က ၁၀ ရွာကျော် ထပ်ရှောင်နေရတယ်၊ စစ်ကြောင်းက ထန်းတောကြီးရွာမှာ တပ်စွဲထားတယ်၊ အင်အားတွေလည်း ဖြည့်တယ်။ သံချပ်ကာ ကားတွေလည်း ပါပါတယ်ဗျ” လို့ ပြောပါတယ်။

ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတာဝန်ရှိသူတယောက်ကလည်း ဒီစစ်ကြောင်းဟာ လက်ပံတောင်းနဲ့ စံပယ်တောင် ကြေးနီစီမံကိန်းတို့မှာ ရွာသားတွေ အလုပ်လုပ်လာအောင် စည်းရုံးနေတယ်လို့ သိရကြောင်း ပြောပါတယ်။

အခုလို စစ်ကောင်စီ စစ်ကြောင်း ၂ ပတ်ကြာ စစ်ကြောင်းထိုးနေလို့ စစ်ရှောင်နေရတဲ့ ဒေသခံတွေ စားသောက်စရာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013