Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ် ကုလသမဂ္ဂခန့်အပ်
DVB
·
April 6, 2024
lin 2032024

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘိရှော့ပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်  ခန့်အပ်လိုက်ကြောင်း ဧပြီလ ၅ ရက်နေ့က  ကြေညာပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် စင်ကာပူနိုင်ငံသူ နိုလင်းဟေဇာ တာဝန်က အနားယူသွားပြီးတဲ့နောက် သူ့နေရာကို  ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဩစတြေးလျလွှတ်တော်မှာ အနှစ် ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူ မစ္စ ဘိရှော့ပ်ဟာ ဩစတြေးလျရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၂၀၁၃ ကနေ ၂၀၁၈ အထိ ထမ်းဆောင်ခဲ့သူဖြစ်ပြီ လက်ရှိမှာလည်း ဩစတြေးလျ အမျိုးသားတက္ကသိုလ်ရဲ့   အဓိပတိအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

ဥပဒေဘွဲ့ရ မစ္စဘိရှော့ပ်ဟာ  နိုင်ငံရေး၊ ဥပဒေရေး၊ စီမံခန့်ခွဲရေးနဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍ နယ်ပယ်တွေမှာ အတွေ့အကြုံများလှသူ ဖြစ်ပြီး နိုင်ငံရေး သက်တမ်းတလျှောက် နိုင်ငံတကာ အသိုင်းအဝိုင်းကြား ထိတွေ့ဆက်ဆံရေး၊ စေ့စပ်ညှိနှိုင်းရေးတွေကို ခိုင်မာအောင် စွမ်းဆောင် ပေးနိုင်ခဲ့သူ ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013