လူငယ်တိုက်စစ်မှူး ပါးလ်မာကို ထိပ်တန်းကစားသမားမဟုတ်ဘူးလို့ မပြောသင့်ကြောင်း ချဲလ်ဆီး နည်းပြပိုချက်တီနိုက ပြောသွားပါတယ်။
ပါးလ်မာဟာ မန်ယူအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဟတ်ထရစ်သုံးဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုးစုစုပေါင်း ၁၆ ဂိုးရှိသွားပြီဖြစ်ပါတယ်။
ပါးလ်မာရဲ့ အကောင်းဆုံးအားသာချက်က စိတ်ပိုင်းဆိုင်ရာမှာဖြစ်ပြီး ဖိအားတွေကို ခံနိုင်ရည်ရှိကြောင်း၊ လူငယ်ကစားသမားတဦးအတွက် အသင်းသစ်နဲ့ ပထမဆုံးရာသီမှာ အခုလို ခြေစွမ်းပြကစားနိုင်တာက အလွန်အံ့အားသင့်စရာကောင်းကြောင်း ပိုချက်တီနိုက ပြောပါတယ်။
ပါးလ်မာရဲ့ စွမ်းဆောင်ရည်အရ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကစားသမားမဟုတ်ဘူးလို့ မပြောသင့်ကြောင်း နည်းပြပိုချက်တီနိုက ပြောသွားခဲ့တာဖြစ်ပါတယ်။
အသက်၂၁ နှစ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမားဟာ အခုနှစ်ရာသီကမှ မန်စီးတီးကနေ ပေါင် ၄၃ သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။
Photo-Reuters