အာဆင်နယ်အသင်းအနေနဲ့ အခုနှစ်ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးကောင်းရှိနေကြောင်း နည်းပြအာတီတာက ပြောသွားပါတယ်။
အခုနှစ်ပရီးမီးယားလိဂ်မှာ လီဗာပူး၊ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့က ရမှတ် ၂ မှတ်၊ ၃ မှတ်သာ ကွာဟပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကြတာပါ။
အာဆင်နယ်အသင်းအနေနဲ့ ထိပ်ဆုံးကလီဗာပူးနဲ့ ၂ မှတ်သာကွာဟတာကြောင့် ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိနေပြီး လက်ကျန်ပွဲစဉ်အားလုံး အနိုင်ကစားနိုင်ဖို့သာ လိုအပ်မှာဖြစ်ကြောင်း နည်းပြ အာတီတာက ပြောပါတယ်။
လက်ရှိဘောလုံးရာသီမှာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ချန်ပီယံဖြစ်နိုင်တဲ့အသင်းတွေကြားမှာ အမှတ်ကွာဟချက် အနည်းဆုံးဖြစ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
အာဆင်နယ်ဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပြိုင်ဘက်နည်းပြ ဒီဇာဘီဟာ ထိပ်တန်းအဆင့်နည်းပြဖြစ်ကြောင်း ချီးကျူးသွားပါတယ်။
Photo-Reuters