အီရန်ဟာ အစ္စရေးကို တိုက်ရိုက်အားဖြင့်ရော၊ သူအာဏာပံ့ပိုးပေးထားတဲ့ ကြားခံပုဂ္ဂိုလ်တွေကနေရော နှစ်ပေါင်းများစွာ ဆန့်ကျင်ဘက် လုပ်နေတာကြောင့် အစ္စရေးက တီဟီရန်ကို ဆန့်ကျင်ပြီး သူ့ကိုယ်သူ ခုခံကာကွယ်တဲ့အနေနဲ့ အီရန်ကို တိုက်စစ်ရော၊ ခံစစ်ပါ သုံးပြီး ထိခိုက်အောင်လုပ်ရတော့မယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဧပြီ ၄ ရက် ကက်ဘိနက်အစည်းအဝေး အစမှာပဲ ပြောကြားလိုက်ပါတယ်။
အစ္စရေးဟာ ခုသီတင်းပတ်အတွင်း ဒမတ်စကတ်ရှိ အီရန် ကောင်စစ်ဝန် အဆောက်အအုံကို တိုက်ခိုက်ခဲ့တာဟာ သူတို့လက်ချက်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဒီတိုက်ခိုက်မှုဟာ ဆီးရီးယားရှိ အီရန်ရဲ့ အကျိုးစီးပွားအတွက် အထင်ရှားဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်ပါတယ်။
အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက လက်စားချေမယ်လို့ ကတိပြုခဲ့ပြီး အစ္စရေးကလည်း လက်တုံ့ပြန်ဖို့ အသင့်ပြင်ထားပါတယ်။
အရှေ့အလယ်ပိုင်းတဝိုက်မှာ ဂါဇာစစ်ပွဲ အရှိန်ပြင်းလာတာကြောင့် အစ္စရေးဟာ အီရန်နဲ့ သူ့ကို ကျောထောက်နောက်ခံပြုတဲ့ အုပ်စုတွေအပေါ် ကာလရှည်ကြာ စစ်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အခုချိန်ထိတော့ အီရန်ဟာ အစ္စရေးနဲ့ အမေရိကန်ပစ်မှတ်တွေဆီ မဟာမိတ်တွေရဲ့ တိုက်ခိုက်မှုတွေကို ပံ့ပိုးကူညီနေပြီး စစ်ပွဲထဲကို တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မပြုဘဲ ရှောင်လွှဲနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters