ယူကရိန်းစစ်တပ်က စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ်ဆိုရင် ရုရှားကိုတိုက်ခိုက်ဖို့ အသင့်ရှိကြောင်း အာဆင်နယ်ကစားသမား ဇင်ချန်ကိုက ပြောသွားပါတယ်။
ယူကရိန်းလက်ရွေးစင်ကစားသမားဟာ အာဆင်နယ်အသင်းအခြေစိုက်ရာ လန်ဒန်မြို့မှာ နေထိုင်သူဖြစ်ပြီး အမိနိုင်ငံကနေ ဆင့်ခေါ်လာမယ်ဆိုရင် ယူကရိန်းကိုပြန်ပြီး ရုရှားတွေကို တိုက်ခိုက်ဖို့အသင့်ရှိကြောင်း ထုတ်ဖော်ပြောသွားခဲ့တာပါ။
ရုရှားစစ်တပ်ရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ ဘယ်တော့မှ သူတို့ကို မေ့ဖျောက်နိုင်မှာမဟုတ်ကြောင်း ဇင်ချန်ကိုက ပြောပါတယ်။
အသက် ၂၇ နှစ်ရှိ ဘယ်နောက်ခံ ကစားသမားဟာ အခုနှစ်ရာသီမှာ ဒဏ်ရာပြဿနာတချို့ရှိခဲ့ပေမဲ့ အာဆင်နယ်အတွက် စုစုပေါင်း ၂၃ ပွဲ ကစားပေးထားပါတယ်။
Photo-Reuters