Home
မြန်မာသတင်း
ကျောက်ဆည်တွင် ပြည်သူ့စစ်များကို လပခတိုင်းမှူးက လက်နက်တပ်ဆင်ပေး
DVB
·
April 5, 2024
Militia2_05042024
420261513_10159972280942913_3777269157866722607_n
Militia2_05042024
Militia_05042024

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေက ပြည်သူ့စစ်သင်တန်း ဆင်းထားတဲ့သူတွေကို ဧပြီ ၅ ရက် ဒီနေ့မနက်က ကျောက်ဆည်တပ်နယ်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကျောက်ဆည်တပ်နယ်အတွင်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို ခေါ်ကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ တပ်နယ်မှူး ဗိုလ်ချုပ်သိန်းထွေးတို့က လက်နက်နဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ မြို့ခံတဦးက DVB ကို ပြောပါတယ်။

“ဒီနေ့ ကျောက်ဆည်တပ်နယ်ထဲမှာ ပြည်သူ့စစ်တွေကို စစ်တပ်က ရိက္ခာနဲ့ လက်နက်တွေ ပေးတယ်။ အဲ့တပ်ထဲမှာ ပြည်သူ့စစ်သင်တန်းပေးတာ ခဏခဏပဲ။”

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ မန္တလေးနန်းတွင်း၊ ကျောက်ဆည်တပ်နယ်နဲ့ ပြင်ဦးလွင် တပ်နယ်တို့မှာ ပြည်သူ့စစ်သင်တန်းတွေ ဖွင့်ခဲ့တာဖြစ်တယ်လို့ ပြည်သူ့စစ်နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“လပခက တပ်နယ်မှူးတွေကို တာဝန်ပေးထားတာ၊ ပြည်သူ့စစ်သင်တန်းတွေဖွင့်ဖို့၊ တခြားတပ်နယ်တော့ မသိဘူး၊ ကျောက်ဆည်တပ်နယ်ထဲမှာ လေးကြိမ်ရှိပြီ သင်တန်းဖွင့်တာ။”

ကျောက်ဆည်မြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာက အုပ်ချုပ်ရေးအဖွဲ့၊ ကြံ့ခိုင်ရေးပါတီ၊ အမာခံသတင်းပေးအဖွဲ့နဲ့ စစ်မှုထမ်းဟောင်းတွေကို စုစည်းကာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ကာ ၁၄ ရက်ကြာ သင်တန်းပေးခဲ့တာ ဖြစ်တယ်လို့ မြို့ခံတဦးက DVB ကို ပြောပါတယ်။

“သင်တန်းကာလ ၁၄ ရက်ပဲကြာတယ်။ အပတ်စဥ် လူဦးရေက မတူဘူး၊ များတဲ့အပတ်စဥ်ရှိသလို လူ ၅၀၊ လူ ၆၀ လောက်ပဲရှိတဲ့ အပတ်စဥ်လည်း ရှိတယ်။”

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ပြည်သူ့စစ်သင်တန်းတွေ တပ်နယ်အသီးသီးမှာ လစဥ်ပေးနေသလို စဥ့်ကူးမြို့နယ် အမှတ် ၂ စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ သပိတ်ကျင်းမြို့နယ် အမှတ် ၁၃ တန်းမြင့်သင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁ အတွက် လူငယ် ၇၀၀ နီးပါးကို စစ်သင်တန်းပေးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013