ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပျင်းရိလေးတွဲစွာကစားခဲ့တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ရဲ့ အပြုအမူအပေါ် မန်ယူအသင်းပရိသတ်တွေက ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ဒုတိယပိုင်း ၆၆ မိနစ်မှာ လူစားလဲဝင်ရောက်ကစားခဲ့ပေမဲ့ ဘောလုံး လိုက်လုခြင်းမရှိဘဲ ပျင်းရိပျင်းတွဲကစားခဲ့တဲ့အပေါ် မန်ယူပရိသတ်တွေက ဝေဖန်ခဲ့ကြတာပါ။
ချဲလ်ဆီးတိုက်စစ်ကစားသမား ပါးလ်မာဆီက ဘောလုံးကိုရရှိအောင် လိုက်လုခြင်းမရှိဘဲ ပျင်းရိလေးတွဲ့စွာ၏ လမ်းလျှောက်နေတဲ့ ဗီဒီယိုဖိုင်တခုလည်း ဆိုရှယ်မီဒီယာမှာ လူကြည့်များခဲ့ပါတယ်။
တပတ်လုပ်ခ ပေါင်သုံးသိန်းခွဲ ပေးနေရပြီး တနှစ်ကို ပေါင် ၁၈ သန်းပေးချေနေရတဲ့ ကစားသမားတဦးရဲ့ အားထုတ်မှုဟာ လုံလောက်မှုမရှိကြောင်း မန်ယူပရိသတ်တွေက ဝေဖန်ခဲ့ကြတာပါ။
ရက်ရှ်ဖို့ဒ်ကို လာမယ့် နွေရာသီမှာ ရောင်းထုတ်ဖို့လည်း ပရိသတ်တဦးက တိုက်တွန်းသွားခဲ့ပါတယ်။
Photo-Reuters