Home
အနုပညာ
နေပြည်တော်သင်္ကြန်ပွဲအတွက် ကိုရီးယားနာမည်ကြီး KPop အဖွဲ့ ငှားရမ်းထား
DVB
·
April 5, 2024
Nay 542024

လတ်တလောဒရုန်းနဲ့ တိုက်ခိုက်ခံထားရတဲ့ နေပြည်တော်မှာ သင်္ကြန်ပွဲကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်နိုင်ဖို့  ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံက မဏ္ဍပ်တွေအပြင် ကိုရီးယားနာမည်ကြီး K Pop အဖွဲ့နဲ့  နာမည်ကြီး အဆိုတော်တွေပါ ဖိတ်ခေါ်ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

စစ်ကောင်စီကတော့ နေပြည်တော် လမ်းလျှောက်သင်္ကြန် ပြုလုပ်ဖို့အတွက် မြို့တော်ဝန်မဏ္ဍပ်နဲ့ မြို့တော်ဝန်မဏ္ဍပ်အနီးမှာ ဝန်ကြီးဌာနအလိုက် မဏ္ဍပ်တွေ စတင်ဆောက်လုပ်နေပြီး ဌာနအလိုက် ယိမ်းအကအဖွဲ့တွေရဲ့ ကြိုတင်လေ့ကျင့်မှုတွေလည်း ပြုလုပ်နေပါတယ်။

ရုရှားနိုင်ငံသံရုံးက မဏ္ဍပ်တခု၊ ကိုရီးယားနိုင်ငံက သရုပ်ဆောင်တွေနဲ့ နာမည်ကြီး K-Pop အဖွဲ့အပြင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းလည်း လာရောက်ဆင်နွှဲမှာဖြစ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးက နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေး ကော်မတီအစည်းအဝေးမှာ ပြောပါတယ်။

ကိုရီးယားနိုင်ငံက နာမည်ကြီး K-Pop အဖွဲ့အပြင် ရုရှားနိုင်ငံနဲ့ နီးနီးကပ်ကပ် ပူးပေါင်းနေတဲ့ စစ်ကောင်စီဟာ ရုရှားက လူငယ်အနုပညာရှင်အဖွဲ့ဖြစ်တဲ့ တာဗီဒါအက်ထ်က ပင်တိုင်အမျိုးသမီးအဆိုတော် နီကာဒါဗစ် ဦးဆောင်တဲ့ အနုပညာအဖွဲ့လည်း လာရောက်မှာဖြစ်ပြီး မြန်မာလူငယ်အဆိုရှင် မိုးအာကာဝင်း ဆိုသူနဲ့ တွဲကာ မြန်မာ-ရုရှား နှစ်ဘာသာနဲ့ ရေးထားတဲ့ သီချင်းတွေလည်း ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တည်ငြိမ်အေးချမ်းတဲ့ မြို့နယ်တွေမှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ပြုလုပ်နိုင်ဖို့ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်တွေကို ဖြေလျော့မှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

နေပြည်တော်ရှိ စစ်ရုံးချုပ်နဲ့ အေလာလေတပ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်တွေက ဧပြီ ၄ ရက် မနက်ပိုင်းမှာ ဒရုန်းအစင်း ၃၀ လောက်နဲ့  တိုက်ခိုက်ခဲ့တာမှာ ၁၃ စင်းကို သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013