Home
မြန်မာသတင်း
မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က ဗုံးကြဲ
DVB
·
April 5, 2024
moe 542024

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ် အစပ်မှာရှိတဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ဧပြီ ၃ ရက်ကစပြီး ဒီနေ့ ၅ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

“လေယာဥ်နဲ့ လာပစ်တာတွေ ရှိတယ်။ လက်နက်ကြီးတွေကောပဲ။ မြို့ထဲ လေယာဥ်နဲ့ကြဲလို့ အိမ်တွေ၊ ဆန်စက်တွေ ပျက်စီးတာတွေလည်း များတယ်။ ပိတ်မိတဲ့ ပြည်သူတချို့လည်း ရှိတယ်။”

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အဆမတန်ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် တင့်ကားတွေပါ ပါတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ရဲ့ ၁၁၁၁ စစ်ဆင်ရေးမှာ မိုးဗြဲမြို့လည်း ပါဝင်ပြီး မိုးဗြဲမြို့က စစ်ကောင်စီတပ်စခန်း ခုနှစ်ထက်မနည်းကိုလည်း ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ်။

တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲ ဖြစ်တာကြောင့် နှစ်ဖက်အထိအခိုက်နဲ့ နေအိမ်ပျက်စီးမှု အသေးစိတ် အခြေနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း စစ်ကောင်စီတပ်က မိုးဗြဲမြို့ ရဲစခန်းအနီးအနားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်ငါးလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013