Home
မြန်မာသတင်း
မြဝတီမြို့အနီးက ကျေးရွာများကို စစ်ကောင်စီတပ်က မြေပြင်နှင့် ဝေဟင်က ပစ်ခတ်တိုက်ခိုက်
DVB
·
April 5, 2024
mya 542024

ကရင်ပြည်နယ်၊ မြဝတီမြို့၊ စစ်ကောင်စီတပ်စခန်းအနီးက  ကျေးရွာတွေကို ဧပြီ ၅ ရက် မနက် ၄ နာရီလောက်ကစတင်ပြီး စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် မနက် ၉ နာရီလောက်က  လက်ခတ်တောင်၊ ကွင်းကလေး၊ ထီးမူးထ၊ ဝှေ့ရှမ်း၊ ဇရပ်ဖြူကုန်း၊ ပေါလော၊ သံပုရာ၊ ခြေတော်ရာ ဘုရားတောင်နေရာတွေကို လေကြောင်းကနေ ၃ ကြိမ်လာရောက်  ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၂၇၅၊ သင်္ကန်းညီနောင်ဗျူဟာနဲ့ တပ်စခန်းတွေကို KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေရဲ့  ပိတ်ဆို့တိုက်ခိုက်ခံနေရတာကြောင့် မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေ နေ့တိုင်းလိုလို ပစ်ကူပေးပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦး”အခြေအနေက ထုနေတာ အကြီးအကျယ်ပဲ။ ဘာတွေနဲ့ ကြဲနေလဲတော့ မသိဘူး။ ဒီမနက် ၄ နာရီလောက်က ထပ်ချနေတာ အခုထက်ထိပဲ။ လေယာဉ်ကလည်း သုံးခေါက်လာသွားတယ်။ အခုပဲ ကျမခေါင်းရင်းက ဖြတ်သွားတယ်။ ကျောက်မိုင်း၊ ၂၇၅ နဲ့ မေတ္တာလင်းမြိုင်က တဆက်တည်းပဲ။ အဲဒီဘက်မှာ တော်လှန်ရေးအင်အားစုတွေက ပိတ်ထားတယ်”လို့ ပြောပါတယ်။

မြေပြင်လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြစန္နီ၊ ဝှေ့ရှမ်း၊ သင်္ကန်းညီနောင်၊ မဲကနယ်၊ မေတ္တာလင်းမြိုင်၊ မင်းလက်ပံ၊ မယ်ဝါးခီး ၊ ပဟိကလော်၊ မယ်ထော်သလေး၊ အင်းကြင်မြိုင်၊ ဖလူး၊ ရသေ့ဂူစတဲ့ကျေးရွာက သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေ ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013