အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ စစ်ရုံးချုပ်နဲ့ အေလာ လေတပ်ကို ဧပြီ ၄ ရက်မနက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နဲ့ အေလာလေတပ်တွေကို ဒရုန်းတွေနဲ့ တပြိုင်နက် တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Lethal Prop Weapon Team တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Photo- NUG