Home
အနုပညာ
DVB က ယူရို ၃၃၀၀ ထောက်ပံ့မည့် မှတ်တမ်းရုပ်ရှင်တိုပြိုင်ပွဲ လျှောက်လွှာခေါ်ယူ
DVB
·
April 4, 2024
DVB Short Film_04042024

လွတ်လပ်တဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတွေအတွက် တတိယအကြိမ်မြောက် DVB ရဲ့ ၂၀၂၄ ခုနှစ် မှတ်တမ်းရုပ်ရှင်တို ပြိုင်ပွဲလျှောက်လွှာတွေ စတင်ခေါ်ယူနေပါပြီ။

ပါဝင်ယှဉ်ပြိုင်ကြရမယ့်သူတွေဟာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ၊ စစ်ရေး၊ နိုင်ငံရေးနဲ့ လူမှုစီးပွားရေး စတဲ့ မြန်မာနိုင်ငံနဲ့ တနည်းနည်း ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ရိုက်ကူးပုံဖော်ရမှာ ဖြစ်ပါတယ်။

မိမိရိုက်ကူးမယ့် မှတ်တမ်းရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်လို့ အကြောင်းအရာတွေကို  DVB Short Doc Contest Facebook page https://www.facebook.com/DVBShortDocsContest မှတဆင့် ဖြစ်စေ၊ DSDC@dvb.no Email သို့တဆင့်ဖြစ်စေ ဆက်သွယ်ပြီး လျှောက်လွှာတွေ ဖြည့်သွင်းနိုင်ပါပြီ။ လျှောက်လွှာတွေကိုတော့  ဇွန် ၄ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမှာ ဖြစ်ပါတယ်။

Google Form လျှောက်လွှာတင်ရန်—

https://docs.google.com/forms/d/e/1FAIpQLSdofc8KyollG4JYVuN2qIHrfquKzLy2ezl20xCG8demntxzdg/viewform

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013