ထိုင်းနိုင်ငံမှာ ဒီကနေ့ ဧပြီလ ၃ ရက်မှ လာမယ့် ၇ ရက်အတွင်း ရာသီဥတုပူပြင်းပြီး အချို့ ဒေသတွေမှာ အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ်ထိ မြင့်မားနိုင်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် ထိုင်းအရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်ပြီး ရာသီဥတုပူပြင်းမယ်၊ အချို့ဒေသမှာတော့ မိုးသက်လေပြင်း ကျရောက် နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဂရုစိုက်ဖို့၊ ပူပြင်းတဲ့နေရောင်ခြည်နဲ့ ဟင်းလင်းပြင် တွေမှာ အချိန်ကြာမြင့်စွာနေထိုင်တာ၊ အလုပ်လုပ်တာတွေ ရှောင်ကြဉ်ဖို့၊ မိုးသားတွေဖြစ် ပေါ်တဲ့အရပ်မှာတော့ မိုးသက်လေပြင်းကျရောက်နိုင်တာကြောင့် သစ်ပင်ကြီးတွေ၊ ခိုင်ခန့်မှု မရှိတဲ့ အဆောက်အဦတွေ၊ ပိုစတာဆိုင်းဘုတ်တိုင်တွေအောက်မှာ နားခိုခြင်းမှ ရှောင်ကြဉ်ဖို့ လည်းသတိပေးထားပါတယ်။
ဧပြီလ ၁ ရက်မှ ၇ ရက်အတွင်း ဒေသအလိုက်အပူချိန်တွေကတော့ ထိုင်းမြောက်ပိုင်းမှာ နေ့ခင်းပိုင်း အပူချိန် ၃၈ မှ ၄၃ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၂၂ မှ ၂၉ ဒီဂရီစင်တီဂရိတ်၊ တချို့နေရာ လေပြင်းတိုက်ခတ်နိုင်ပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်းမှာ နေ့ခင်းပိုင်း အပူချိန် ၃၆ မှ ၄၃ ဒီဂရီစင်တီဂရိတ် ၊ ညအပူချိန် ၂၁ မှ ၂၉ ဒီဂရီစင်တီဂရိတ် ၊ အချို့နေရာ မိုးကြိုးပစ်ပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်ပါတယ်။
ထိုင်းအရှေ့ပိုင်းမှာ နေ့ခင်းပိုင်း အပူချိန် ၃၃ မှ ၄၁ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၂၅ မှ ၃၀ ဒီဂရီစင်တီဂရိတ်၊ တချို့နေရာ မိုးသက်လေပြင်းတိုက်ခတ်နိုင်ပါတယ်။
ထိုင်းအလယ်ပိုင်းမှာ နေ့ခင်းပိုင်း အပူချိန် ၃၅ မှ ၄၃ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၂၂ မှ ၂၈ ဒီဂရီစင်တီဂရိတ်၊ တချို့နေရာ မိုးသက်လေပြင်းတိုက်ခတ်နိုင်ပါတယ်။
ဘန်ကောက်နဲ့အနီးတဝိုက်ဧရိယာတွေမှာ နေ့ခင်းပိုင်း အပူချိန် ၃၄ မှ ၄၁ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၂၇ မှ ၃၀ ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။
ထိုင်းတောင်ပိုင်းမှာ နေ့ခင်း အပူချိန် ၃၄ မှ ၃၉ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၂၄ မှ ၂၉ ဒီဂရီစင်တီဂရိတ်၊ ဒေသရဲ့ ၁၀ မှ ၂၀ ရာခိုင်နှုန်း မိုးရွာနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
Source: Nation TV