Home
သတင်းဓာတ်ပုံ
ထိုင်း-မြန်မာနယ်စပ်တွင် လက်နက်ကျည်ဆန်များ သိမ်းဆည်းရမိ  (ဓာတ်ပုံ)
DVB
·
April 3, 2024
434877849_723782949927216_2145175698632129424_n
433697474_723782959927215_4068913752316070202_n
432994478_723783126593865_1954538058970441637_n
432939598_723783246593853_7177169282467379582_n
432912363_723783113260533_3290876592579336169_n
432903654_723782973260547_3285328602791913863_n
432882074_723782923260552_1710446000872743656_n

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာတဘက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းမှာ  ဧပြီ ၂ ရက်က ကင်းလှည့်နေတဲ့  ထိုင်းစစ်တပ်က  လက်နက်ကျည်ဆန်တွေ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ ပါတယ်။

ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ 7.62 ကျည်ဆန် ၈၀၀ ၊ RPG ကျည်နဲ့ တခြား ကျည်ဆန်တွေကိုပါ သိမ်းဆည်းရမိတာဖြစ်ပြီး ပိုင်ရှင်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့  ဧပြီ ၃ ရက် မနက်က ထိုင်းစစ်တပ်အပါအဝင် အဖွဲ့စုံပါဝင် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပြီး  လက်နက်တွေလည်းပျံ့နေတဲ့အတွက် ထိုင်းနိုင်ငံဘက်ကို မရောက်ရှိစေဖို့ ကာကွယ်တားဆီး၊ အထူးသတိထားကြဖို့  သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

အထူးသဖြင့် သင်္ကြန်ပွဲတော်မှာ မူးယစ်ဆေးလက်နက်တွေကို စစ်ဆေးဖမ်းဆီး နိုင်ရေးအတွက် ထိုင်းဝန်ကြီးချုပ်က  ညွှန်ကြားထားတယ်လို့လည်း  ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024