Home
မြန်မာသတင်း
စစ်ကိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် CDF-KKG အဆောက်အဦများ ပျက်စီး
DVB
·
April 3, 2024
WindyCDF-KKG 1_03042024

စစ်ကိုင်းတိုင်းမှာ လေပြင်းတိုက်ခတ်တဲ့အတွက် ချင်းပြည်ကာကွယ်ရေးတပ်-ကလေး၊ ကဘော်၊ ဂန့်ဂေါ(CDF-KKG) တပ်ရင်း ၄ ရဲ့ အဆောက်အဦတွေ ပျက်စီးခဲ့တယ်လို့ CDF-KKG က ဧပြီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေးမြို့နယ်မှာ မတ် ၃၁ ရက် ညနေ ၃ နာရီမှာတကြိမ်၊ ည ၉ နာရီမှာ ၁ ကြိမ် လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် အဆောက်အဦတွေ ပျက်စီးခဲ့တာပါ။

CDF-KKG တပ်ရင်း ၄ ရဲ့ ရဲဘော်တန်းလျား ၃ ခု၊ ရိက္ခာသိမ်းဆည်းခန်းနဲ့ စတိုတို့ လေပြင်းကြောင့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

CDF-KKG ပြန်ကြားရေးတာဝန်ခံက “လေတိုက်တာက တော်တော်လေးပြင်းခဲ့တာကို ငါးတဲလောက် ပျက်စီးသွားတယ်။ အဆောက်အဦတွေကိုလည်း တတ်နိုင်တဲ့ဘက်က အလှူခံပြီး ပြန်ဆောက်ဖို့ ကြိုးစားနေပါတယ်။ လောလောဆယ် မိုးကလည်း မရွာတော့ တဲပြင်ပြီးတဲ့အထိ ရဲဘော်တွေက အပြင်မှာပဲ အဆင်ပြေသလိုနေနေရတယ်” လို့ ပြောပါတယ်။

ပျက်စီးသွားတဲ့ အဆောက်အဦးတွေ ပြန်လည်တည်ဆောက်ဖို့အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ CDF-KKG တာဝန်ရှိသူက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013