Home
နိုင်ငံတကာ
အီရတ်တွင် ကလေးငယ်အုပ်စုကို ကုန်တင်ကားတိုက်မိပြီး ၆ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ
DVB
·
April 3, 2024
Six children dead, 14 injured in Iraq road accident

အီရတ်နိုင်ငံတောင်ပိုင်း ဘာဆရာမြို့မှာ ဧပြီ ၂ ရက်က ကလေးငယ်အုပ်စုတစုဆီကို အအေးခန်း ကုန်တင်ယာဉ်တစီးက ဖြတ်တိုက်မိလိုက်တာကြောင့် မူလတန်းကျောင်းသား ခြောက်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ထရပ်ကားရဲ့ဘရိတ်က နင်းလို့မမိတော့ဘဲ ယာဉ်မောင်းက ကားကို မထိန်းနိုင်ဖြစ်ပြီး ဘာဆရာမြို့ရဲ့ မြောက်ဘက် ဆင်ခြေဖုံးရှိ ဟာသာမြို့ လမ်းဘေးမှာ လမ်းလျှောက်နေကြတဲ့ အနီးနားရှိ မူလတန်းကျောင်းက ကျောင်းသားလေးတွေဆီကို ထိုးဝင်သွားကာ တိုက်မိသွားတာဖြစ်ကြောင်း ရဲနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒဏ်ရာရတဲ့ကလေးတွေကို အယ်လ်ဆာဒါး သင်ကြားရေးဆေးရုံနဲ့ အယ်လ်မာဝါဝီ သင်ကြားရေးဆေးရုံတို့မှာ ဆေးကုသမှုခံယူနေပြီး အခြေအနေတည်ငြိမ်တယ်လို့ ဘာဆရာ ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် အက်ဘာ့စ် အယ်လ်တာမီမိုင်က ပြောပါတယ်။

ဒါပေမဲ့ ဦးခေါင်းဒဏ်ရာ ပြင်းထန်တဲ့ တချို့ကလေးတွေဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်လ်ဆူဒါနီက အဲဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013