Home
နိုင်ငံတကာ
ဖင်လန်နိုင်ငံ စာသင်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး ကလေး ၃ ဦးဒဏ်ရာရ 
DVB
·
April 3, 2024
Finland school shooting_03042024

ဖင်လန်နိုင်ငံ မြို့တော်အပြင်ဘက်ရှိ စာသင်ကျောင်းတကျောင်းမှာ ဧပြီ ၂ ရက်က အသက် ၁၂ နှစ်အရွယ် ကလေးတဦး သေနတ်ပစ်ခတ်ခဲ့ရာမှာ တခြားအရွယ်တူ ကလေး သုံးဦး ဒဏ်ရာ ရရှိသွားပြီး ပစ်ခတ်သူ ကလေးငယ်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

မြို့တော် ဟယ်စင်ကီရဲ့ ဆင်ခြေဖုံးက ဗန်တာရပ်ကွက်ရှိ ဗီယာတိုလာကျောင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စည်ပင်သာယာရေးအဖွဲ့က ပြောကြားခဲ့ပြီး ကျောင်းထဲက အဆောက်အအုံတစ်ခုကို ရဲတွေက ပိတ်ဆို့ထားပါတယ်။

ဒဏ်ရာရသွားကြသူ  ကလေးတွေကို ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူက ရိုက်တာသတင်းဌာနကို ပြောပေမဲ့ ကလေးငယ်တွေ ဘယ်သူဘယ်ဝါဆိုတာနဲ့ ကလေးတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ ချက်ချင်း မထုတ်ပြန်ထားပါဘူး။ 

ဗီယာတိုလာကျောင်းမှာ ပထမတန်းမှ ကိုးတန်းအထိ ကျောင်းသား ၈၀၀ လောက်နဲ့ ဝန်ထမ်း ၉၀ လောက်ရှိကြောင်း ဒေသဆိုင်ရာ မြူနီစီပယ်က ပြောကြားပါတယ်။ 

Source/Photo-Lehtikuva/MARKKU ULANDER via REUTERS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013