Home
အားကစား
ဘိုင်ယန်နည်းပြသစ်လျာထားစာရင်းတွင် ဘရိုက်တန်နည်းပြ ဒီဇာဘီပါဝင်
DVB
·
April 3, 2024
Zabi sport 342024

ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ်လျာထားစာရင်းမှာ ဘရိုက်တန်နည်းပြ ဒီဇာဘီလည်း ပါဝင် လာပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာကူဆင်နည်းပြ အလွန်ဆိုကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမဲ့ အလွန်ဆိုကိုယ်တိုင်က အသင်းပြောင်းလိုတဲ့ ဆန္ဒမရှိတာကြောင့် အဆင်မပြေဖြစ်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ နည်းပြသစ်လျာထားစာရင်းမှာ ဘရိုက်တန်နည်းပြ ဒီဇာဘီလည်း ပါဝင်လာတာပါ။

အီတလီနည်းပြ ဒီဇာဘီဟာ ဘရိုက်တန်နဲ့ ၂ နှစ်စာချုပ်သက်တမ်းကျန်ရှိသေးပေမဲ့ ကစားသမား အင်းအားဖြည့်တင်းမှုတွေ လုပ်ဆောင်ပေးခြင်းမရှိဘူးဆိုရင် အသင်းကနေ ထွက်ခွါဖို့ရှိနေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီဇာဘီအပြင် အသင်းနည်းပြဟောင်း နာဂယ်စ်မန်း၊  သြစတြီးယား နည်းပြ ရက်ဖ်ရင်းနက်ခ်တို့ကိုလည်း နည်းပြသစ်လျာထားစာရင်းမှာ ထည့်သွင်းထားပါတယ်။

ရလဒ် ကောင်းမွန်အောင်စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တဲ့ လက်ရှိအသင်းနည်းပြ သောမက်စ်တူဟယ်က ရာသီအကုန်မှာ အသင်းကနေ ထွက်ခွါသွားမှာ ဖြစ်ပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013