မန်ယူအသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာမြို့သား ဒိုင်လူကြီးကို တာဝန်ပေးအပ်ခဲ့တဲ့အပေါ် လီဗာပူးပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပါတယ်။
ပရီးမီးယားလိဂ်ဟာ လာမယ့်တနင်္ဂနွေနေ့ အိုးထရတ်ဖို့ဒ်မှာ ကစားမယ့် မန်ယူနဲ့ လီဗာပူးပွဲစဉ်ကို ကိုင်တွယ်ဖို့ ကွင်းလယ်ဒိုင် အန်တိုနီတေလာကို တာဝန်ပေးအပ်ခဲ့တာပါ။
အန်တိုနီတေလာဟာ ရက်ရှ်ဖို့ဒ်ရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ မန်ချက်စတာ တောင်ပိုင်းမှာ မွေးဖွားခဲ့သူဖြစ်တာကြောင့် မန်ယူအသင်းဘက်ကို ဘက်လိုက်မှာကို လီဗာပူးပရိသတ်တွေက စိုးရိမ်နေကြတာပါ။
လီဗာပူးပရိသတ်တဦးကတော့ အန်တိုနီတေလာဟာ မန်ချက်စတာမြို့သား ဒိုင်လူကြီး တဦး မဟုတ်လားလို့ တွစ်တာကနေ မေးခွန်းထုတ်ခဲ့ပါတယ်။
တခြားလီဗာပူးပရိသတ် တဦးကလည်း မျှော်လင့်မထားတဲ့ တာဝန်ပေးအပ်မှုလို့ တွစ်တာကနေ ရေးသားခဲ့ပါတယ်။
အသက် ၄၅ နှစ်ရှိ ကွင်းလယ်ဒိုင်တေလာဟာ ၂၀၂၁ ခုနှစ်အောက်တိုဘာလက လီဗာပူးနဲ့ မန်ယူပွဲစဉ်ကို ကိုင်တွယ်ခဲ့ဖူးပြီး အဲဒီပွဲမှာ လီဗာပူးက ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
အခုနှစ်ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ချဲလ်ဆီးနဲ့ တဂိုးစီသရေကျတဲ့ပွဲမှာတော့ လီဗာပူးအသင်းဘက်ကို ပင်နယ်တီပေးခဲ့ပါသေးတယ်။
Photo-Reuters