ချန်ပီယံအတွေ့အကြုံကို ထည့်သွင်းတွက်ချက်လို့ မရနိုင်တော့ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ ဧပြီ ၄ ရက် မနက်ပိုင်းမှာ အက်စ်တန်ဗီလာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲရဖို့အတွက် ချန်ပီယံအတွေ့အကြုံကို ထည့်သွင်းတွက်ချက်လို့ မရနိုင်ဘူးလို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ ရာသီနှောင်းပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲတွေ ဆက်တိုက်ရယူပြီး ပြိုင်ဘက်တွေကို ကျော်ဖြတ်အနိုင်ယူတက်လေ့ရှိတဲ့အပေါ် အခုနှစ်ရာသီမှာတော့ အဲဒီလို လုပ်ဆောင်နိုင်ဖို့ မလွယ်တော့ကြောင်း သုံးသပ်ခဲ့တာပါ။
ချန်ပီယံအတွေ့အကြုံတွေက ပြီးဆုံးသွားပြီဖြစ်ပြီး ထည့်သွင်းတွက်ချက်လို့ မရနိုင်တော့ကြောင်း၊ ဗီလာအသင်းကို ဘယ်လိုအနိုင်ရရှိအောင် လုပ်ဆောင်မလဲဆိုတာကပဲ အရေးကြီးကြောင်း ဂွါဒီယိုလာက ပြောပါတယ်။
ဗီလာအသင်းရဲ့ ကစားပုံနဲ့ နည်းပြအူနိုင်းအမ်မရီရဲ့ နည်းဗျူဟာတွေနဲ့ ပတ်သက်ပြီးလည်း ဂွါဒီယိုလာက ချီးကျူးပြောကြားသွားပါတယ်။
Photo-Reuters