Home
မြန်မာသတင်း
ဆမီးမြို့၌ မြေမြုပ်မိုင်းနင်းမိပြီး  အရပ်သား ၁ ဦးသေဆုံး
DVB
·
April 3, 2024
sa 342024

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့မှာ မြေမြုပ်မိုင်းနင်းမိပြီး အရပ်သား တဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁ ရက်  မနက် ၁၁ နာရီအချိန်မှာ ဆမီးမြို့အပြင်ဘက် တောင်ယာသွားတဲ့လမ်းမှာ အမျိုးသား တဦး မိုင်းနင်းမိခဲ့တာပါ။

မိုင်းနင်းမိသူဟာ ဆမီးမြို့ အမှတ်-၂ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးလိုက်ထန် ဖြစ်ပါတယ်။

ဦးလိုက်ထန်ဟာ မြေမြုပ်မိုင်းနင်းမိလို့ ခြေ နှစ်ဖက်ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ရခိုင်ပြည်နယ် ဆေးရုံတခုမှာ ဧပြီ ၂ ရက် မနက် ၉ နာရီအချိန်မှာ သေဆုံးခဲ့ပါတယ်။

ဆမီးဒေသခံတဦးက“သူ့ယာခင်းကိုသွားတဲ့ လမ်းမှာပေါ့နော် မိုင်းနင်းမိပြီးတော့ ခြေ နှစ်ဖက်ပြတ်ထွက်သွားတာပေါ့။ ဒဏ်ရာကပြင်းထန်တဲ့ အခါကျတော့ သူ့ကိုဆေးရုံကို သွားပို့တာပေါ့။ ဆေးရုံမှာဘဲ သေသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသူအရပ်သားနင်းမိခဲ့တဲ့ မြေမြုပ်မိုင်းဟာ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်အစောပိုင်း ဆမီးမြို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ရဲ့ တိုက်ပွဲအကြားထောင်ထားခဲ့တဲ့ လက်ကျန်မိုင်းတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013