ဂျပန်နိုင်ငံက ကုန်ထုတ်လုပ်သူတွေ မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာ စီးပွားရေးဆိုင်ရာ စစ်တမ်းတွေအရ ဒီနှစ်ပထမသုံးလပတ်အတွင်း ဆယ်စုနှစ်သုံးခုကျော်မှာအမြင့်ဆုံးအထိ တိုးတက်လာခဲ့တယ်လို့ အနီးကပ်စောင့်ကြည့်နေတဲ့ ဗဟိုဘဏ်စစ်တမ်းတခုက ဧပြီ ၁ ရက်မှာ ဖော်ပြပါတယ်။
ဒါကြောင့် ပြည်တွင်းဝယ်လိုအားက နိုင်ငံရဲ့ မခိုင်မာတဲ့ စီးပွားရေးပြန်လည်ဦးမော့လာစေဖို့ ကျောထောက်နောက်ခံပေးလိမ့်မယ်လို့ မူဝါဒချမှတ်သူတွေက မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ မော်တော်ယာဥ်ထုတ်လုပ်မှု အနှောင့်အယှက်ကြောင့် တနှစ်ရဲ့ လေးပုံတစ်ပုံအတွင်း ပထမဆုံးအကြိမ်အနေနဲ့ ထုတ်လုပ်တဲ့လုပ်ငန်းကြီးတွေဟာ အခက်တွေ့နေကြတယ်လို့ Tankan စစ်တမ်းက ဆိုပါတယ်။
သုံးလပတ်တိုးတက်မှုနဲ့ ငွေကြေးဖောင်းပွမှု ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားချိန်မှာ ဂျပန်ဘဏ် (BOJ) အနေနဲ့ လာမယ့် ဧပြီ ၂၅-၂၆ ရက်နေ့ အစည်းအဝေးမှာ ရလဒ်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှာ ဖြစ်ပါတယ်။
Source/Photo - Reuters