အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အကြမ်းဖက်မှု အန္တရာယ်ရှိလာနိုင်လို့ လုံခြုံရေးတိုးမြှင့်ဖို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ ဂီတဖျော်ဖြေပွဲတခုမှာ သေနတ်သမားတွေ လာရောက် ပစ်ခတ်မှုကြောင့် လူပေါင်း ၁၃၀ လောက် သေဆုံးခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း အလားတူ အန္တရာယ်ရှိလာနိုင်တာကြောင့် ကလပ်အသင်းတွေဘက်က ပုံမှန်ထက် လုံခြုံရေးတိုးမြှင့်ဖို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက တိုက်တွန်းထားတာပါ။
IS အကြမ်းဖက်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဗ်ဒူကိုယ်တိုင်က အမေရိကန်နဲ့ ဥရောပတိုက်က ခရစ်ယာန်တွေ၊ ဂျူးတွေနဲ့ အစ္စရေးလူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ပြောဆိုထားတာကြောင့် ဥရောပနိုင်ငံတွေအတွက် သတိပြုစရာဖြစ်လာခဲ့တာပါ။
လုံခြုံရေး တိုးမြှင့်ချထားတာအပြင် မသင်္ကာစရာ ဖြစ်ရပ်တွေ တွေ့မယ်ဆိုရင် အမြန်ဆုံး အကြောင်းကြားဖို့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။
Photo-REUTERS/Dylan Martinez