ဖီနာဘာချီအသင်း တာဝန်ရှိသူတွေဟာ အသင်းကို တူရကီလိဂ်ကနေ နုတ်ထွက်ဖို့အတွက် မဲခွဲဆုံးဖြတ်ဖို့ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ပွဲစဉ်ဖြစ်တဲ့ ထရတ်ဇွန်စပေါ် အသင်းနဲ့ တူရကီလိဂ်ပွဲစဉ်မှာ ဖီနာဘာချီအသင်းက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီပွဲစဉ်အပြီးမှာ ပြိုင်ဘက် ထရတ်ဇွန်စပေါ် ပရိသတ်တချို့က ကွင်းထဲအထိဆင်းလာပြီး ဖီနာဘာချီအသင်း ကစားသမားကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီဖြစ်ရပ်ပြီးနောက် အသင်းကို တူရကီလိဂ်ပြိုင်ပွဲကနေ နုတ်ထွက်ဖို့အတွက် အသင်းအဖွဲ့ဝင်တွေကြားမှာ မဲခွဲဆုံးဖြတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဖီနာဘာချီ အသင်းကစားသမား သုံးဦးနဲ့ တာဝန်ရှိသူ နှစ်ဦးကိုလည်း ပရိသတ်တွေကို ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အရေးယူမှု လုပ်ဆောင်မယ်လို့ သိရပါတယ်။
ပရိသတ်စုစုပေါင်း ၁၂ ဦးကို ဖမ်းဆီးထားပြီး လက်သင့်မခံတဲ့ လုပ်ရပ်ဖြစ်ကြောင်း တူရကီယာယီဝန်ကြီးချုပ် အယ်လီက ပြောပါတယ်။
ဖီနာဘာချီဟာ တူရကီလိဂ်ချန်ပီယံ ၁၉ ကြိမ်ရရှိထားတဲ့ ထိပ်တန်းအသင်းဖြစ်ပြီး ပွဲစဉ် ၃၀ အပြီးမှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
Photo-REUTERS/Depo Photos