Home
နိုင်ငံတကာ
AT&Tတယ်လီကွန်းကုမ္ပဏီ ဒေတာအချက်အလက်ပေါက်ကြားမှု  စုံစမ်းစစ်ဆေးနေ 
DVB
·
April 2, 2024

အမေရိကန် တယ်လီကွန်းကုမ္ပဏီ AT&T ဟာ သုံးစွဲဖို့ အထူးဆော့ဖ်ဝဲလ်လိုအပ်တဲ့ အင်တာနက်ကွန်ရက်  "dark web" မှာ လွန်ခဲ့တဲ့ သီတင်းပတ် နှစ်ပတ်လောက်က ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက်အစုံကို စုံစမ်းစစ်ဆေးနေတယ်လို့ မတ် ၃၀ ရက်မှာ ပြောပါတယ်။

သူ့ရဲ့ ပဏာမခွဲခြမ်းစိတ်ဖြာမှုအရ ပေါက်ကြားသွားတဲ့ သတင်းအချက်အလက်တွေဟာ လက်ရှိအကောင့်ရှိသူ ၇ ဒသမ ၆သန်းနဲ့ တခြားအကောင့်ပေါင်း ၆၅ ဒသမ ၄ သန်းအပေါ် သက်ရောက်မှုရှိတယ်လို့ တယ်လီကွန်းကုမ္ပဏီ AT&T က ပြောပါတယ်။

ပေါက်ကြားခဲ့တဲ့ ဒေတာတွေဟာ ၂၀၁၉ ဒါမှမဟုတ် အစောပိုင်းက အချက်အလက်တွေ ဖြစ်ပုံပေါ်တယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။

AT&T ဟာ ဒီအဖြစ်အပျက်ကြောင့် ထွက်လာတဲ့ ရလဒ်တွေထဲမှာ သူ့စနစ်တွေထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ထားတဲ့ အထောက်အထားတွေတော့ မရှိဘူးလို့ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက AT&T ကနေ စထွက်လာတာလား ဒါမှမဟုတ် သူ့ဖောက်သည်တွေထဲက တယောက်ယောက်ဆီကနေ ဖြစ်တာလားဆိုတာ မသိရသေးဘူးလို့ ကုမ္ပဏီကပြောပါတယ်။

ဒီဖြစ်ရပ်ဟာ သူ့ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် အကျိုးသက်ရောက်မှုမရှိဘဲ၊ သတင်းအချက်အလက် အရင်းအမြစ်ကို အကဲဖြတ်နေတုန်းပဲလို့ AT&Tက ပြောပါတယ်။

AT&Tဟာ ထိခိုက်ခံရသူ အားလုံးနဲ့ ဆက်သွယ်နေပြီး လက်ရှိသုံးစွဲသူ  ၇ ဒသမ၆  သန်းအတွက် လျှို့ဝှက်ကုဒ်တွေကို ပြန်သတ်မှတ် ပေးထားပါတယ်။

သက်ဆိုင်တဲ့ နေရာတိုင်းမှာလည်း ခရက်ဒစ် စောင့်ကြပ်ကြည့်ရှုဖို့  ကမ်းလှမ်းမယ်လို့ ပြောပါတယ်။

ကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုပေးသူ AT&Tရဲ့ 5G ကွန်ရက်ဟာ အမေရိကန်ပြည်ထောင်စု တဝန်းက  လူသန်းပေါင်း ၂၉၀  လောက်ကို လွှမ်းခြုံထားပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013