မန်ယူနိုက်တက်အသင်းဟာ ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်အသင်းရဲ့ အားကစား ဒါရိုက်တာကို ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းခဲ့ပါတယ်။
အသက် ၅၂ နှစ်ရှိပြီဖြစ်တဲ့ ဆောက်သမ်တန် အားကစားဒါရိုက်တာ ဂျေဆန်ဝဲကော့ဟာ မန်စီးတီးအသင်းမှာ ၁၁ နှစ် ကြာ တာဝန်ယူခဲ့သူဖြစ်ပြီး မနှစ်ကမှ ဆောက်သမ်တန်အသင်းဆီ ပြောင်းရွှေ့တာဝန်ယူခဲ့တာပါ။
သူဟာ မန်စီးတီးအသင်းမှာ လူငယ်ဖွံ့ဖြိုးရေးဒါရိုက်တာအဖြစ် နောက်ဆုံး ၆ နှစ် ဆက်တိုက်တာဝန်ယူခဲ့ပြီး ဖီးလ်ဖိုဒမ်၊ ရီကိုလီဝစ်နဲ့ ကိုးလ်ပယ်လ်မာတို့လို ကြယ်ပွင့်ကစားသမားတွေကို အရောင်တင်ပေးခဲ့သူပါ။
မန်ယူအသင်းဟာ ဆောက်သမ်တန်အသင်းကို ဂျေဆန်ရဲ့ တနှစ်လုပ်ခလစာကို လျော်ကြေးအဖြစ်ပေးချေပြီး ခေါ်ယူလိုပေမဲ့ အဆင်မပြေဖြစ်နေပါတယ်။
ဆောက်သမ်တန်အသင်းက အဲဒီထက်များပြားတဲ့ လျော်ကြေးပေးမှသာ မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံသွားဖို့ရှိတယ်လို့ သိရပါတယ်။
Photo-Reuters/Action Images / Craig Brough