အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မတ် ၃၁ ရက် ခွဲစိတ်မှုကနေ အမြန်ပြန်ပြီး နေကောင်းကျန်းမာလာဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။
နေတန်ယာဟုဟာ နှလုံးခုန်နှုန်းထိန်းစက်ကို တပ်ဆင်ပြီးတဲ့နောက် တနှစ်မပြည့်မီ အူကျွံတဲ့ ရောဂါကို ခွဲစိတ်ကုသမယ်လို့ ဝန်ကြီးချုပ်ရုံးက တနင်္ဂနွေနေ့ အစောပိုင်းက ပြောခဲ့ပါတယ်။
သူ့အခြေအနေက မစိုးရိမ်ရကြောင်း သက်သေပြခဲ့ပြီး လုပ်ငန်းစဉ်မစမီ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ နေတန်ယာဟုရုံးက ကြေညာခဲ့တာပါ။
နေတန်ယာဟုက “သတင်းထောက်တွေ အပါအဝင် ကျနော့်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်ကြောင်း ပြသပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ဒီကုသမှုကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီး မြန်မြန်ဆန်ဆန် အလုပ်ပြန်လုပ်နိုင်မယ်လို့ အာမခံပါတယ်” လို့ ဂျေရုဆလင်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
နေတန်ယာဟုက ဂါဇာစစ်ပွဲ၊ လက်ဘနွန်နဲ့ မြောက်ပိုင်းမျက်နှာစာက တိုက်ပွဲတွေအကြောင်း ကိုလည်း မှတ်ချက်ပေးခဲ့ပါတယ်။
Source/Photo-REUTERS/Ronen Zvulun