ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ မတ် ၃၁ ရက်မှာ ကျူးကျော်လာတဲ့ ရုရှားတပ်တွေ ဆီကနေ ကိယက်ဗ်ဒေသကို ပြန်လည်သိမ်းယူခြင်း ဒုတိယနှစ်မြောက် နှစ်ပတ်လည်နေ့ကို မတ် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က မြို့တော်နားမှာ ရုရှားတပ်ဖွဲ့ဝင်တွေ သတ်တာကို ခံခဲ့ရတဲ့သူတွေအတွက် ဘူချာမြို့က အောက်မေ့ဖွယ်အထိမ်းအမှတ်တခုမှာ ဒေသခံပြည်သူတွေနဲ့ ထိပ်တန်းအရာရှိတွေရဲ့ ရှေ့မှာ ဇလန်းစကီးက တမိနစ် ငြိမ်သက်ခဲ့ပါတယ်။
ယူကရိန်းစစ်တပ်ဟာ ၂၀၂၂ ခုနှစ် မတ်လနှောင်းပိုင်းမှာ ကိယက်ဗ်မြို့အပြင်ဘက်က အေရ်ပင်နဲ့ ဘူချာမြို့ငယ်တွေကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ရုရှားစစ်တပ်က ဆုတ်ခွာသွားပြီးတဲ့နောက် အမှိုက်သရိုက်တွေ၊ ပြိုကျပျက်စီးနေတဲ့ လမ်းတွေပေါ်မှာ အရပ်သားအလောင်းတွေ ပြန့်ကျဲနေခဲ့တယ်။
ရုရှားတပ်ဖွဲ့ဝင်တွေဟာ ကိယက်ဗ်ဒေသထဲက ဘူချာ၊ အာရ်ပင်နဲ့ တခြားနေရာတွေမှာ ကြီးမားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ ယူကရိန်းက ပြောခဲ့ပါတယ်။
ရုရှားတပ်တွေလက်ကနေ လွတ်မြောက်လာတဲ့ ကိယက်ဗ်ဒေသအတွင်း အရပ်သား သေဆုံးသူဦးရေ ၁,၁၃၇ ဦးရှိပြီး ဘူချာမြို့ တခုတည်းမှာ သေဆုံးသူ ၄၆၁ ဦး ရှိတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပေမဲ့ ရုရှားကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Source/Photo-Reuters