Home
နိုင်ငံတကာ
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကြောင့် အိန္ဒိယအတိုက်အခံများကို တုန်လှုပ်စေ
DVB
·
April 1, 2024
India_01042024

အဂတိလိုက်စားမှုတိုက်ဖျက်ရေး တိုက်ပွဲဟာ အတိုက်အခံတွေကို တုန်လှုပ်စေတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ပြောလိုက်ပါတယ်။

လူနေထူထပ်တဲ့ ဥတ္တာပရာဒေ့ရှ်ပြည်နယ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု စတဲ့အနေနဲ့ မတ် ၃၁ ရက် လူထုစုဝေးပွဲမှာ မိုဒီက ထောက်ခံသူတွေကို မိန့်ခွန်းပြောခဲ့တာပါ။

အခုရွေးကောက်ပွဲဟာ အကျင့်ပျက်ခြစားသူတွေကို ဖယ်ရှားချင်တဲ့ မိုဒီရဲ့ပါတီနဲ့ သူ့မဟာမိတ်တွေက တဖက်၊  အကျင့်ပျက်ခြစားသူတွေကို အကာအကွယ်ပေးချင်တဲ့ အတိုက်အခံတွေက တဖက်၊ ဘက်နှစ်ဖက်ကြားကတိုက်ပွဲဖြစ်တယ်လို့ မိုဒီက ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။

မိုဒီကို အခိုင်အမာဝေဖန်သူ၊ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးသမားနဲ့ အဖွဲ့ဝင် ၂၇ ဦးပါ အိန္ဒိယ အတိုက်အခံအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဒေလီဝန်ကြီးချုပ် အာဗင် ကေဂျ်ရီဝါဟာ ယစ်မျိုးလိုင်စင်ထုတ်ပေးတာနဲ့ ပတ်သက်ပြီး အကျင့်ပျက်ခြစားမှု စွပ်စွဲချက်နဲ့ မတ် ၂၁ ရက်က အဖမ်းခံခဲ့ရပါတယ်။

ရှားရှားပါးပါး တတိယအကြိမ်မြောက် ဝန်ကြီးချုပ်သက်တမ်းအတွက် မိုဒီရဲ့ လုပ်ပိုင်ခွင့်ကို ခိုင်မာစေမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲစပေးချိန်မှာ ခုလို အဖမ်းခံရတာပါ။

အောက်လွှတ်တော်ကတော့ အိန္ဒိယရဲ့ ဘဏ္ဍာရေးရာဇဝတ်မှု တိုက်ဖျက်ရေး အေဂျင်စီက ဖမ်းဆီးတာနဲ့ စီးနင်းဝင်ရောက်တာတွေကို ရုန်းကန်နေရတဲ့အပြင် အစိုးရရဲ့ ကြီးမားတဲ့ အခွန်တောင်းဆိုချက်တွေကြောင့် အခွန်အကောက်တွေနဲ့ ဘဏ်စာရင်းတချို့ကို ခဏရပ်ဆိုင်းတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မိုဒီနဲ့ သူ့ပါတီဟာ နိုင်ငံရေးပြိုင်ဘက်တွေကို သုတ်သင်ရှင်းလင်းဖို့နဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ အခွင့်အလမ်းတွေကို လျှော့ချဖို့ စုံစမ်းစစ်ဆေးရေး အေဂျင်စီတွေနဲ့ အခွန်အာဏာပိုင်တွေကို လက်နက်အဖြစ် အသုံးချနေတယ်လို့ ဝေဖန်သူတွေက ပြောဆိုကြပြီး BJP က စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013