Home
မြန်မာသတင်း
မံစီမြို့နယ်၌ ဂျက်တိုက်လေယာဉ်ဖြင့် မှားယွင်း ဗုံးကြဲမိသဖြင့် တပ်မိသားစုဝင်အချို့ သေဆုံး  
DVB
·
April 1, 2024
ManSiJetAttackSAC_01042024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ကနေ ခိုးထွက်လာတဲ့ စစ်ကောင်စီ တပ်မိသားစုတချို့ ဧပြီ ၁ ရက်မနက် ၁ နာရီကျော်လောက်က မံစီမြို့နယ် ဂျန်မိုင်ရွာမှာ ကားညအိပ် ရပ်နားထားစဉ် စစ်တပ်က ဂျက်တိုက်လေယာဉ်ပေါ်ကနေ  မှားယွင်းဗုံးကြဲခဲ့လို့ ကားသမား အပါအဝင် ငါးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့  ရှေ့တန်း သတင်းရင်းမြစ်ထံက သိရပါတယ်။

ဂျန်မိုင်ရွာမှာ တခြားကားတွေနဲ့အတူ တိုက်ပွဲကြောင့် လမ်းပိတ်မိနေချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၂ ဘီးကားတစီးနဲ့ နေအိမ်တလုံးလည်း ပျက်စီးသွားတယ်လို့ ကချင်ဒေသခံ တဦးက ပြောပါတယ်။

“အားလုံး အိပ်မောကျနေတဲ့အချိန် ဖြစ်သွားတာ။ ကြည့်ရတာ အပေါ့သွားဖို့ မီးထွန်းလိုက်တာ။ ဂျက်လေယာဉ်လာတာနဲ့ တိုးသွားတာ ဖြစ်မယ်။ လွယ်ဂျယ်မြို့ကနေ ခိုးထွက်ရှောင်လာတဲ့ တပ်မိသားစုဝင်တွေလည်း သေတယ် ကြားရတယ်။”

တရုတ်ပြည်နယ်စပ်မြို့ လွယ်ဂျယ်ကို KIA/AA/KPDF ပူးပေါင်းတပ်တွေက ဝိုင်းရံ ပိတ်ဆို့ထားတာကြောင့် စစ်ကောင်စီဖွဲ့ဝင်တွေ၊ တပ်မိသားစုနဲ့ ဌာနဆိုင်ရာဝန်ထမ်း မိသားစုတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

လွယ်ဂျယ် ဗန်းမော်လမ်းရှိ စစ်ကောင်စီစခန်းတွေဖြစ်တဲ့ ယောရုံ၊ ဗျန်ဝိုင်၊ လော့ဒန်၊ ဗျူဟာစခန်းတွေ အပါအဝင် နောက်ဆုံးကျန်ရှိနေတဲ့ စိန်လုံဗျူဟာစခန်းကြီးကိုပါ KIA ပူးပေါင်းတပ်တွေက ဒီနေ့မနက် သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဒါကြောင့် ဗန်းမော် လွယ်ဂျယ်လမ်းပိုင်းမှာ စစ်ကောင်စီစခန်းတွေ တခုမှာ မကျန်ရှိတော့ဘူးလို့လည်း ရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်။

Photo - ရှေ့တန်းသတင်းရင်းမြစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013