Home
အားကစား
ဘရိုက်တန်ကို ဆက်တာဝန်ယူလိုသော်လည်း အသင်းအစီအစဉ်များအပေါ် မူတည်ဟု ဒီဇာဘီ ပြော
DVB
·
April 1, 2024
De Zerbi_01042024

ဘရိုက်တန်အသင်းကို ဆက်လက်တာဝန်ယူလိုပေမဲ့ အသင်းရဲ့ အစီအစဉ်တွေအပေါ်မှာ မူတည်ကြောင်း နည်းပြ ဒီဇာဘီက ပြောသွားပါတယ်။

လီဗာပူးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ပြုလုပ်ခဲ့တဲ့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အနာဂတ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို နည်းပြ ဒီဇာဘီက ပြန်လည်ဖြေကြားခဲ့တာပါ။

ဘရိုက်တန်အသင်းနဲ့ ၂ နှစ် စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့အတွက် လာမယ့်ရာသီ အသင်းမှာပဲ ဆက်ရှိမှာဖြစ်ကြောင်း ဒီဇာဘီက ပြောပါတယ်။

ဒါပေမဲ့ ရာသီကုန်ဆုံးချိန်မှာတော့ အသင်းရဲ့အစီအစဉ်တွေနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီး အဲဒီအပေါ်မူတည်ကာ ဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်ကြောင်း ဒီဇာဘီက ပြောပါတယ်။

အီတလီနည်းပြ ဒီဇာဘီကို ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာနဲ့ လီဗာပူးအသင်းတွေ အပါအဝင် ထိပ်တန်းကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013