မန်စီးတီးအသင်းကို သရေကစားနိုင်ခဲ့တဲ့အပေါ် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို အာဆင်နယ်နည်းပြ အာတေတာက ချီးကျူးလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ မန်စီးတီးရဲ့ အီတီဟတ်ကွင်းမှာ အိမ်ရှင်အသင်းကို အခက်တွေ့အောင် ကစားခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း အီတီဟတ်မှာ မန်စီးတီးအသင်းက ပထမဆုံးအကြိမ် ဂိုးမသွင်းတဲ့ပွဲ ဖြစ်ခဲ့ရတာပါ။
မန်စီးတီးအသင်းရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားပုံကိုလည်း တန်ပြန်ကစားနိုင်ခဲ့ပြီး အချိန်တိုင်းမှာ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ကစားနိုင်ခဲ့တာက အံ့ဖွယ်ရာကောင်းကြောင်း နည်းပြအာတေတာက ပြောပါတယ်။
နိုင်ပွဲရယူချင်ခဲ့ပေမဲ့လည့်း အနိုင်မရနိုင်တဲ့အချိန်တွေမှာတော့ ရှုံးနိမ့်မှု မဖြစ်စေဖို့ လိုအပ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ အခုနှစ်ရာသီမှာ မန်စီးတီးနဲ့ နှစ်ပွဲစလုံးမှာ တပွဲနိုင်၊ တပွဲသရေရလဒ်အပြင် နည်းပြဂွါဒီယိုလာ ကိုင်တွယ်တဲ့ အသင်းတသင်းကို နှစ်ကျော့စလုံး ဂိုးမပေးရအောင် ကစားနိုင်ခဲ့တဲ့ စတုတ္ထမြောက်အသင်းအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
Photo-Reuters/Jason Cairnduff