Home
နိုင်ငံတကာ
မက္ကဆီကိုတွင် သင်္ဘောနစ်မြုပ်ပြီး တရုတ်နိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၈ ဦး သေဆုံး
DVB
·
March 31, 2024
EightChineseMigrantsDieMexico_31032024

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမှာ သင်္ဘောတစင်း နစ်မြုပ်သွားပြီးတဲ့နောက် တရုတ်နိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်သူ ၈ ဦးကို မတ် ၂၉ ရက်က သေဆုံးလျက်သား တွေ့ခဲ့တယ်လို့ အောက်ကာဆာပြည်နယ် အစိုးရရှေ့နေရုံးက မတ် ၃၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မတ် ၂၈ ရက်မှာ ချီယာပတ်စ် ပြည်နယ်၊ တာပါချူလာကနေ ထွက်လာတဲ့သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ တရုတ်အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၁ ဦးရဲ့ အလောင်းတွေကို အောက်ကာဆာ ပြည်နယ် တောင်ပိုင်း အစ်ထ်မိုဒေ တေဟွမ်တေပက်မှာရှိတဲ့ ဗီစန်တေ ကမ်းခြေမှာ တွေ့ခဲ့တာပါ။ 

သူတို့ဟာ မက္ကဆီကိုနိုင်ငံသား ခရီးသွားလမ်းညွှန်နဲ့အတူ ထွက်လာခဲ့တာလို့ အစိုးရ ရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 

သင်္ဘောနစ်လို့ ရွှေ့ပြောင်းနေထိုင်သူ ၁ ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ မဖော်ထုတ်ရသေးပါဘူး။ အာဏာပိုင်တွေက မက္ကဆီကိုနိုင်ငံထဲက တရုတ်သံရုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013