ဆိုမာလီယာ ကမ်းလွန်ပင်လယ်ပြင်မှာ လက်နက်ကိုင်ပင်လယ်ဓားပြတွေက သိမ်းပိုက်ထားတဲ့ အီရန် ငါးဖမ်းသင်္ဘောပေါ်က သင်္ဘောသား ၂၃ ဦးကို လွှတ်ပေးလိုက်တယ်လို့ အိန္ဒိယရေတပ်က ပြောပါတယ်။
အိန္ဒိယရေတပ်က မတ် ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ငါးဖမ်းလှေငယ် အများအပြားက ပင်လယ်ပြင်မှာ ဝိုင်းထားတာခံထားရတဲ့ ငါးဖမ်းသင်္ဘောကို တွေ့ရပါတယ်။ သင်္ဘောပေါ်မှာ အဖမ်းခံထားရတဲ့ ပင်လယ်ဓားပြတွေရဲ့ ဓာတ်ပုံတွေကိုလည်း အိန္ဒိယရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်ခမ်ဘာ 786 ဟာ မတ် ၂၈ ရက်မှာ အာရေဗျပင်လယ်ထဲက ယီမင်ပိုင် ဆိုကိုထရာကျွန်းရဲ့ အနောက်တောင်ဘက်မှာ ရှိနေတုန်း ပင်လယ်ဓားပြ ၉ ယောက်က သင်္ဘောပေါ် လိုက်သွားခဲ့တာလို့ မတ် ၂၉ ရက်က ရေတပ်ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
ဓားပြသိမ်းပိုက်ခံ သင်္ဘောကို အိန္ဒိယရေတပ်ရဲ့ INS ဆူမေဒါနဲ့ INS ထရက်ရှူး တို့က ကြားဖြတ် ဟန့်တားခဲ့ပြီး ပင်လယ်ဓားပြတွေကို လက်နက်ချခိုင်းဖို့ ပြင်းထန်တဲ့ အကြပ်ကိုင်နည်းဗျူဟာကို ၁၂ နာရီကျော်ကြာအောင် လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပင်လယ်ဓားပြ ၉ ယောက်ကို နိုင်ငံတွေရဲ့ ပိုင်နက်ပြင်ပပင်လယ်ပြင်ထဲမှာ ပင်လယ်ဓားပြမှု တိုက်ဖျက်ရေး ပြည်တွင်းဥပဒေနဲ့အရေးယူဖို့ အိန္ဒိယနိုင်ငံဆီခေါ်သွားပြီလို့လည်း အိန္ဒိယ ရေတပ်က မတ် ၃၀ ရက်မှာ သီးခြားထုတ်ပြန်ချက်တစ်ခုအတွင်း ပြောခဲ့ပါတယ်။
Source/Photo-Reuters