Home
နိုင်ငံတကာ
တူရကီနိုင်ငံတဝန်း မြူနီစီပယ်ရွေးကောက်ပွဲများ ကျင်းပ
DVB
·
March 31, 2024
Turkish President Tayyip Erdogan reacts as he addresses his supporters during a rally ahead of the local elections in Istanbul

မတ်လ ၃၁ ရက်နေ့မှာ တူရကီနိုင်ငံတစ်ဝန်း မြူနီစီပယ် ရွေးကောက်ပွဲတွေကျင်းပနေပြီး သမ္မတ တာယစ်အာဒိုဂန်ဟာ မြို့တော် အန်ကာရာ၊ အကြီးဆုံးမြို့ အစ္စတန်ဘူလ် တို့ကို အတိုက်အခံတွေလက်ကနေ ပြန်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ 

အတိုက်အခံဘက်က လူကြိုက်များတဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် အစ်ကရမ် အင်မာမော့ဂ်လူဟာ အာဒိုဂန်နဲ့ အာဏာရအေကေ ပါတီကို အဓိက စိန်ခေါ်နိုင်သူ ဖြစ်ပါတယ်။ 

၂၀၁၉ မြူနီစီပယ် ရွေးကောက်ပွဲမှာ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး မြို့တော်ကို တာဝန်ယူထားရသူဖြစ်ပါတယ်။ တူရကီ စီးပွားရေးအတွက် အချက်အချာဖြစ်တဲ့ လူဦးရေ ၁၆ သန်း နေထိုင်ရာ အစ္စတန်ဘူလ်မှာ အင်မာမော့ဂ်လူ ဟာ အာဏာရပါတီဘက်က ဝန်ကြီးဟောင်း မူရတ် ကူရမ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

ရုံးစိုက်ရာ မြို့တော် အန်ကာရာမှာလည်း အတိုက်အခံဘက်က နိုင်ထားတာဖြစ်တဲ့အတွက် အာဏာရပါတီက ပြန်အသာရဖို့ကြိုးစားမှာဖြစ်ပါတယ်။

အတိုက်အခံညွန့်ပေါင်းအုပ်စုကြီး ပြိုလဲသွားတဲ့အတွက် နေရာအများစုမှာ အာဒိုဂန်နဲ့ အေကေပါတီကို ယှဉ်နိုင်ဖို့မရှိဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

ဒါပေမဲ့ အင်မာမော့ဂ်လူကတော့ ပုဂ္ဂိုလ်ရေးအရ ရေပန်းစားသူဖြစ်တဲ့အတွက် အစ္စတန်ဘူလ်ကို ပြန်ရဖို့တော့ မလွယ်ဘူးလို့ ခန့်မှန်းထားကြပါတယ်။

Source/Photo-REUTERS/Umit Bektas

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013