Home
အားကစား
လက်ကျန်ပွဲစဉ်အားလုံးကို ဗိုလ်လုပွဲကဲ့သို့ မှတ်ယူထားကြောင်း နည်းပြ ကလော့ပ် ပြော
DVB
·
March 31, 2024
Klopp_31032024

လက်ကျန်ပွဲစဉ်အားလုံးကို ဗိုလ်လုပွဲတပွဲလို မှတ်ယူထားကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောသွားပါတယ်။

နည်းပြကလော့ပ်ဟာ ရာသီကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာဖို့ အကြိုသဘောတူညီမှု ရထားတာပါ။

သူ့ရဲ့နောက်ဆုံး လက်ကျန်ပွဲစဉ်တွေကို ဗိုလ်လုပွဲစဉ်တပွဲလို ယှဉ်ပြိုင်ကစားသွားကြရမှာဖြစ်ပြီး ဘယ်ပြိုင်ပွဲမှာဆို အင်ပြည့်အားပြည့်နဲ့ ယှဉ်ပြိုင်ကစာဖို့ လိုအပ်ကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ အဆင့် ၂ မှာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပွဲစဉ်တွေလည်း ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။ 

Photo-REUTERS/Molly Darlington 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013