Home
နိုင်ငံတကာ
ပါကစ္စတန်တွင် တရုတ်နိုင်ငံသားများနှင့် တရုတ်အကျိုးစီးပွားများ တပတ်အတွင်း သုံးကြိမ်တိတိ တိုက်ခိုက်ခံရ
DVB
·
March 30, 2024
china world 3032024

ပါကစ္စတန်နိုင်ငံရှိတဲ့ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်အကျိုးစီးပွားတွေကို တပတ်အတွင်းမှာ သုံးကြိမ်တိတိ တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက်မှာ တရုတ်စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကိုပါ ပါကစ္စတန် နိုင်ငံကို စေလွှတ်လိုက်ပါတယ်။ 

မတ် ၂၉ ရက်မှာ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး မိုရှင်နက်ခ်ဗီဟာ စုံစမ်းစစ်ဆေးမှု နောက်ဆုံး အခြေအနေတွေကို တရုတ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရှင်းလင်းပြခဲ့တယ်လို့ ဌာနက ထုတ်ပြန်ပါတယ်။ 

မတ် ၂၆ ရက်က ပါကစ္စတန်အနောက်မြောက်ပိုင်းက ဆည်စီမံကိန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ တရုတ် အင်ဂျင်နီယာယာဉ်တန်းကို အသေခံဗုံးခွဲသူတစ်ဦးက ကားနဲ့ဝင်တိုက်ခိုက်ခဲ့တာကြောင့် လူ ၆ ဦးသေဆုံးခဲ့ပြီး အဲဒီအထဲမှာ တရုတ်နိုင်ငံသား ၅ ဦးပါဝင်ခဲ့ပါတယ်။

မတ် ၂၀ ရက်ကလည်း ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချစ္စတန် ပြည်နယ်မှာ တရုတ်က အသုံးပြုနေတဲ့ မဟာဗျူဟာမြောက်ဆိပ်ကမ်း တခု ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

ပါကစ္စတန်က အခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ တရုတ်က ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံနေတာဖြစ်ပါတယ်။

မတ် ၂၅ ရက်မှာလည်း တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်အတွက် အရေးပါတဲ့ ပါကစ္စတန် ရေတပ်လက်အောက်မှာရှိတဲ့ လေတပ်စခန်း တခု တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

ဒီတိုက်ခိုက်မှုနှစ်ခုကိုတော့ ဘာလိုချစ္စတန်ပြည်နယ်ခွဲထွက်ရေးအဖွဲ့ တဖွဲ့ဖြစ်တဲ့ ဘာလို့ချ် လွတ်မြောက်ရေးတပ်မတော် ( BLA) က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ပါကစ္စတန်ဟာ သူ့နိုင်ငံတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေလုံခြုံရေးအတွက် စစ်တပ်နဲ့ရဲပါဝင်တဲ့ အထူးတပ်ဖွဲ့ တဖွဲ့ပါထူထောင်ပေးထားရတယ်လို့ဆိုပါတယ်။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013