Home
နိုင်ငံတကာ
မြန်နှုန်းမြင့်ရထားလိုင်းသစ်ကြောင့် ကလေးမွေးနှုန်းမြင့်တက်လာရန် တောင်ကိုရီးယားသမ္မတ မျှော်လင့်
DVB
·
March 30, 2024
South Korean President Yoon Suk Yeol gets on a train after an opening ceremony of GTX-A in Seoul

တောင်ကိုရီးယားမြို့တော်ဆိုးလ်နဲ့ မြို့ပြင် ဆင်ခြေဖုန်းဒေသတွေကို ဆက်သွယ်ပေးတဲ့ မြန်နှုန်းမြင့် ရထားလိုင်းသစ်ကြောင့် ရုံးတက်ရုံးဆင်းကြာချိန်လျှော့ချနိုင်ပြီး မိသားစုကို အချိန်ပိုပေး လာနိုင်မှာ ဖြစ်တာကြောင့် ကလေးမွေးနှုန်း တက်လာမယ်လို့ မျှော်လင့်တယ်လို့ သမ္မတ ယွန်းဆွတ်ယိုလ်က ပြောပါတယ်။   

လူငယ်လူရွယ်တွေ မြို့ပြင်ဆင်ခြေဖုန်းတွေမှာ နေထိုင်ဖို့ ဆွဲဆောင်လာနိုင်မှာဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။ 

တောင်ကိုရီးယားဟာ ကမ္ဘာမှာမွေးနှုန်းအနိမ့်ဆုံးနိုင်ငံဖြစ်ပါတယ်။ လူငယ်လူရွယ်တွေဟာ မြို့ပြင်မှာ နေရင်လည်းအချိန်ကြာမြင့်စွာ စီးနင်းရတဲ့ ပြည့်ကျပ်နေတဲ့ ခရီးလမ်းကြောင်းက အဆင်မပြေ၊  နိုင်ငံ့လူဦးရေထက်ဝက်လောက် နေထိုင်ကြတဲ့ ဆိုးလ်မြို့တော်ထဲမှနေပြန်ရင် လည်း အိမ်စျေးတွေက ကြီးနေတာကြောင့် အိမ်ထောင်မပြုနိုင်၊ မိဘားစုဘဝ အချိန်မပေးနိုင် ဖြစ်နေရတယ်လို့ ညည်းတွားလေ့ရှိကြပါတယ်။

အခုအခါမှာတော့ Great Train eXpress (GTX) လို့အမည်ပေးထားတဲ့ ဝမ် ၁၃၄ ထရီလျံ (အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၅ ဘီလျံ) ကုန်ကျမဲ့ မြန်နှုန်းမြင့် ရထားလိုင်း ကွန်ရက်က ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ တာဝန်ရှိသူတွေက မျှော်လင့်ထားပါတယ်။

မြေအောက်ရထားလိုင်း ကွန်ရက်ဟာ ဆိုးလ်မြို့တော်နဲ့ ပြင်ပဧရိယာတွေကို ရထားလိုင်း ၆ လိုင်းနဲ့ ဆက်သွယ်ပေးမှာဖြစ်ပြီး ၂၀၃၅ မှာမှ အလုံးစုံပြီးစီးမှာဖြစ်ပါတယ်။ 

မတ် ၂၉ ရက်မှာ ဆိုးလ်မြို့တော် ဆူဆီယိုကနေ ဒေါင်တန်မြို့ကို ချိတ်ဆက်ထားတဲ့ ပထမဆုံးလိုင်း ရဲ့ အပိုင်းတပိုင်းကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဘတ်စကားနဲ့ မိနစ် ၈၀ သွားရမဲ့ ခရီးကို ၁၉ မိနစ် နဲ့ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ 

Source/Photo -YONHAP NEWS AGENCY via REUTERS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013